In Defence of October

Study the lessons of the Russian Revolution

About us 1917 Live

ပါကစ္စတန်မှာ ကြီးထွားပြီးရင်း ကြီးထွားလာတဲ့ တရုတ်နယ်ချဲ့ ပါဝါ

တရုတ် ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) ဟာ ဒီဘက်နှစ်တွေအတွင်း ပါကစ္စတန်အစိုးရ ပေါ်လစီရဲ့ ဗဟိုချက် ဖြစ်လာတယ်။ အုပ်စိုးသူလူတန်းစားရဲ့ နိုင်ငံရေး၊ စီးပွားရေးအားလုံးဟာ ဒီပရောဂျက်ကို ဗဟိုပြု လည်ပတ်နေခြင်း ဖြစ်တယ်။ ဒီစီးပွားရေးစင်္ကြံဟာ ချမ်းသာ ကြွယ်ဝမှုတွေ တိုင်းပြည်တိုးတက်ခြင်းတွေ ဆောင်ကျဉ်းပေးမှာ ဖြစ် ကြောင်း၊ မကြာခင်မှာ ပျားရည် နဲ့ နွားနို့တွေ အလျှံပယ် စီးဆင်းလာတော့မှာဖြစ်ကြောင်း အုပ်စိုးသူ လူတန်းစားက ဝါဒဖြန့်နေကြလေရဲ့။


အလုပ်လက်မဲ့ပြဿနာ၊ ဆင်းရဲမွဲတေမှုပြဿနာ၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ပြဿနာအားလုံးဟာ ဒီပ ရောဂျက် ဝါဒဖြန့်ချက်တွေအောက် နစ်မြှုပ်ပျောက်ကွယ်သွားတော့တယ်။ ဒီစီးပွားရေးစင်္ကြံကို တိုင်းပြည် ရင်ဆိုင် နေရတဲ့ ပြဿနာအားလုံးကို ကုသပေးနိုင်သော နတ်ဆေးစွမ်းတလက်လို ပုံဖော်ထားကြတယ်။ အကြမ်းဖက်လုပ် ကြံရေး လှုပ်ရှားမှုပဲဖြစ်ဖြစ်၊ အကျင့်ပျက်ခြစားမှု ကိစ္စတွေပဲ ဖြစ်ဖြစ် အားလုံးဟာ ဒီစင်္ကြံကို လျှို့ဝှက်ဖြို ခွဲရေး အစီ အမံသာ ဖြစ်တယ်လို့ ပုံဖော်ထားတယ်။

ဒီဝါဒမှိုင်းတွေမိနေတဲ့ တခြားနိုင်ငံရေးပါတီတွေအားလုံး (အမျိုးသားရေးပါတီတွေ၊ လက်ဝဲပါတီတွေ၊ အစ္စလမ် ဘာ သာရေး အစွန်းရောက်ပါတီတွေ)ဟာ တရုတ်ရင်းနှီးမြှုပ်နှံမှုရှေ့ ဝပ်ဆင်းနေကြတယ်၊ နှစ်နိုင်ငံကြား ချစ်ကြည် ရင်း နှီးမှု အဓွန့်ရှည်စေကြောင်း တောင်းဆုချွေပေးနေကြတယ်။ “ဟိမဝန္တာ တောင်တန်းတွေထက် မြင့်မားပြီး အနက်ရှိုင်းဆုံး သမုဒ္ဒရာတွေထက် ပိုနက်ရှိုင်းပါတယ်”လို့ အမြဲ တင်စားလေ့ရှိတဲ့ ဒီချစ်ကြည်ရင်းနှီးမှုဟာ အခိုင်အ မာ ရုပ်လုံးပေါ်သထက်ပေါ်လာနေပြီ။ အမျိုးသားရေးဝါဒီတွေကော၊ စတာလင်ဝါဒီ လက်ဟောင်းသမားတွေကော တရုတ်-ပါကစ္စတန် ချစ်ကြည်မှုကို ထောပနာပြုနေကြတာ တွေ့ရတယ်။ တချိန်တည်းမှာပဲ ထုထည် ကြီးမားလှတဲ့ ဒီရင်းနှီးမြှုပ်နှံမှုရဲ့ ကျွဲကူးရေပါ လာဘ်လာဘလေးတွေ၊ နှစ်ဘက်သဘောတူ စာချုပ်တွေကရ လာမယ့် အမြတ်ဝေ စုလေးတွေရဖို့ တန်းစီ နေကြတယ်။

၂၀၁၄တုန်းက တရုတ်သမ္မတ ရှီကျင်းဖင် ပါကစ္စတန်ကို ရောက်တော့ ၄၆ဘီလျံဒေါ်လာ ပရောဂျက်တခုအနေနဲ့ က နဦး ကြေညာထားခဲ့ပေမယ့် အခုဆို (၅၇)ဘီလျံဒေါ်လာအထိ ဆောင့်တက်သွားပြီ။ ဒီပရောဂျက်ရဲ့ တရားဝင် ကြေ ညာထားတဲ့ ရည်ရွယ်ချက်က ပါကစ္စတန်တောင်းပိုင်း Gwadar ဆိပ်ကမ်းကနေ မြောက်ပိုင်းကို ချိတ်ဆက်မယ်၊ ဒီ ကနေမှတဆင့် တရုတ်နိုင်ငံ Xinjiang ပြည်နယ်ကို ထပ်သွယ်မယ်။ ကားလမ်း၊ ရထားလမ်း ကွန်ယက် အသွယ် သွယ်နဲ့ ချိတ်ဆက်သွားမှာဖြစ်တယ်။

ဒီဖြတ်လမ်းကနေ တရုတ်ပြည်က ရောင်းကုန်တွေ အရှေ့အလယ်ပိုင်းနဲ့ တဖက်ဈေးကွက်တွေအထိ လွယ်လင့်တ ကူ တင်ပို့ရောင်းချနိုင်မယ်။ လက်ရှိအချိန်မှာ တရုတ်ကုန်ပစ္စည်းတွေဟာ တောင်တရုတ်ပင်လယ်ပြင်ကနေ ပါရှန်း ပင်လယ်ကွေ့ကို ရောက်ဖို့ မလက်ကာ ရေလက်ကြားကိုဖြတ်ပြီး မိုင်ပေါင်း သောင်းချီသွားနေရတယ်။ ဒါပေမယ့် အခုဖောက်နေတဲ့ လမ်းကြောင်းအသစ်ကနေဆို တရုတ်ပြည် ဗဟိုချက်ကနေမှ မိုင်ပေါင်း ၃၆၀၀ သာ သွားရ တော့မယ်။ တရုတ်ပြည် အနောက်ခြမ်းကနေဆို မိုင်ပေါင်း ၂၃၀၀ သာဝေးတော့တယ်။ အခုသွားနေရတဲ့ လမ်း ကြောင်း တဝက်တောင်မရှိတော့ဘူး။

လမ်းကြောင်းအသစ်ဖောက်ပြီးသွားရင် တရုတ်ပြည်ထွက် ရောင်းကုန်တွေဟာ ဟိမဝန္တာတောင်ခြေ ပါကစ္စတန် နယ်စပ်ကို ရောက်မယ်။ အဲဒီကနေ အခုဖောက်လုပ်ထားတဲ့ ကားလမ်း၊ ရထားလမ်းတွေသုံးပြီး ပါကစ္စတန် တောင်ပိုင်း Gwadar ဆိပ်ကမ်းကို ဆက်ပို့မယ်။ Gwadar ဆိပ်ကမ်းဟာ အိန္ဒိယသမုဒ္ဒရာအတွင်း Hormuz ရေလက် ကြားအနီးမှာ တည်ရှိတယ်။ ဒီအစီအမံတွေအရဆို နောင်မှာ လောင်စာဆီတွေ တရုတ်ပြည်ကို တင်ပို့ဖို့ ဒီလမ်းကို အသုံးပြုနိုင်သေးတယ်။

Karakoram တောင်တကြောကို ဖြတ်သန်းသွားတဲ့ ကရာကိုရမ် အဝေးပြေးလမ်း (KKH)ဟာ တရုတ်ပြည်နယ်စပ် ကနေ ပါကစ္စတန်လွင်ပြင်တွေဆီ သွယ်တန်းဖောက်လုပ်ထားတဲ့ နာမည်ကျော် လမ်းမကြီးတခုဖြစ်တယ်။ ဒါပေ မယ့် အခုဆိုရင် ဒီပရောဂျက်အတွက် အဲဒီလမ်းမကြီးကို ချဲ့ထွင်ပစ်လိုက်ကြပြီ။ ၄၆၉၃ မီတာအထိ အင်မတန် မြင့်မားမတ်စောက်လွန်းလို့ ဒီလမ်းမကြီးကို ကမ္ဘာ့အံ့ဖွယ် နံပါတ်(၈) အဖြစ် တင်စားပြောဆိုလေ့ရှိတယ်။ ကမ္ဘာ့ အမြင့်ဆုံး လမ်းမကြီးတွေထဲက တခုဖြစ်သလို သွားလာရ ခက်ခဲလှတဲ့ နယ်မြေလည်းဖြစ်တယ်။ ဒီလမ်းမကြီးကို မကြာခဏ အသုံးပြုနေတဲ့ ခရီးသွားတွေကတော့ အဆင့်မြှင့် ပြုပြင်ပြီးရင်တောင် လေးလံလှတဲ့ ကုန်တင်ယာဉ် ကြီးတွေ သွားလာဖို့ ဘယ်လိုမှ သင့်တော်မှာမဟုတ်ဘူးလို့ ပြောကြတယ်။

ကရာကိုရမ်လမ်းမကြီးအပြင် Gwadar ဆိပ်ကမ်းနဲ့ ချိတ်ဆက်ပေးတဲ့ လမ်းအသစ်တွေ အမြောက်အမြား ဖောက် လုပ်နေတယ်။ အခုဖောက်နေတဲ့ လမ်းအများစုဟာ ခေတ်အနောက်ကျဆုံး (ဆင်းရဲမွဲတေဆုံး) Balochistan ပြည်နယ်ကို ဖြတ်သန်းသွားရတယ်။ ဒီဒေသမှာ ပါကစ္စတန်အစိုးရကို နှစ်ပေါင်းများစွာ အုံကြွ တော်လှန်နေတာ တွေရှိတယ်၊ Baloch အမျိုးသားရေးဝါဒီတွေက ပါကစ္စတန်စစ်တပ်ကို လက်နက်စွဲကိုင် တော်လှန် နေကြတယ်။ တရုတ်ရင်းနှီးမြှုပ်နှံမှု ပရောဂျက်ကြီးတွေကြောင့် တောင်အာရှဒေသတွင်း အင်အားချိန်ခွင်လျှာတခုလုံး ပြောင်းလဲ သွားရသလို တဖက်မှာလည်း ဒီပရောဂျက် ရင်ဆိုင်ရမယ့် ပြဿနာတွေ တနင့်တပိုး ရှိနေတယ်။ အခု တင်ပြခဲ့တာ နမူနာတချက်ပဲ ရှိသေးတယ်။

CPEC ဆိုတာ ဘာလဲ

CPEC ဟာ တရုတ်အစိုးရ အကောင်အထည်ဖော်နေတဲ့ ပိုးလမ်းမသစ်စီမံကိန်း (OBOR) ရဲ့ တစိတ်တပိုင်းသာ ဖြစ် တယ်။ ကမ္ဘာတဝှမ်း လမ်းမကြီးတွေ၊ အခြေခံအဆောက်အဦ ပရောဂျက်တွေ ဆောက်လုပ်ဖို့ ဒေါ်လာ တစ် ထရီလျံ ကျော် အကုန်အကျခံ တည်ဆောက်သွားမယ့် ပိုးလမ်းမသစ် စီမံကိန်းဖြစ်တယ်။ ပိုးလမ်းမသစ် စီမံကိန်းထဲမှာ တရုတ်ပြည်နဲ့ ဒေသတွင်းတိုင်းပြည်တွေ၊ တဘက်ကမ္ဘာခြမ်းက တိုင်းပြည်တွေ ကူးလူးဆက်သွယ်ဖို့ လမ်းမကြီး တွေ၊ ပိုက်လိုင်းတွေ ဆောက်လုပ်သွားမယ်။ (OBOR) စီမံကိန်းရဲ့ အစိတ်အပိုင်းတခုအနေနဲ့ ပုလဲသွယ် စီမံကိန်း “String of Pearls” လည်း ပါသေးတယ်။ ပုလဲသွယ်စီမံကိန်းအရ တရုတ်အုပ်စိုးသူလူတန်းစားရဲ့ မဟာဗျူဟာ အကျိုးစီးပွား၊ စီးပွားရေး အကျိုးစီးပွားအတွက် အိန္ဒိယသမုဒ္ဒရာအတွင်း ဆိပ်ကမ်း (၁၅)ခုကို တည်ဆောက်သွား မယ်။ ဒီစီမံကိန်းတွေရဲ့ ကုန်ကျစရိတ်အများစုကို တရုတ်ဘဏ်ကြီးတွေကနေ ထုတ်ပေးသွားမှာ ဖြစ်တယ်။ ဒီရင်းနှီးမြှုပ်နှံမှုနဲ့အတူ တရုတ်ပြည်တွင်းက အနောက်ဘက်ခြမ်း ပြည်နယ်တွေကို ဖွံ့ဖြိုးလာအောင် လုပ်မယ်၊ စီးပွားရေးတိုးတက်လာအောင် စက်မှုဇုန်တွေ တည်ဆောက်သွားလိမ့်မယ်။

တရုတ်ပြည်၊ ရှီကျင်းပြည်နယ်ဟာ ပါကစ္စတန်၊ အိန္ဒိယ၊ အာဖဂန်နစ်(စ်)တန်၊ ရပ်ရှား၊ မွန်ဂိုလီးယား နဲ့ တခြား အာရှဗဟိုချက်တိုင်းပြည်တွေ အပါအဝင် ရှစ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတယ်။ ရှီကျင်းပြည်နယ်ကို ဒေသ တွင်းက တခြားတိုင်းပြည်တွေနဲ့ ကူးလူးဆက်သွယ်ဖို့ ဒီစီမံကိန်းအရ ကားလမ်းတွေ၊ ရထားလမ်းတွေ ကွန်ယက် ဖွဲ့ တည်ဆောက်နေတယ်။ စီးပွားရေးမဖွ့ံဖြိုးသေးတဲ့ ဒီပြည်နယ်ကို အကြီးစားစက်မှုဇုန်တွေ ဖြစ်ထွန်းလာအောင် လုပ်ပြီး တရုတ်ကုမ္ပဏီတွေက ဒီကနေ အိမ်နီးချင်းတိုင်းပြည်တွေ၊ ဒါတင်မက ကမ္ဘာတဘက်ခြမ်းအထိ ကုန်တွေ တင်ပို့သွားနိုင်မယ်။ ရှီကျင်းပြည်နယ်ရဲ့ အခြေခံအဆောက်အဦတွေ တိုးတက်ကောင်းမွန်လာအောင် ဒေါ်လာတွေ ဘီလျံနဲ့ချီပုံအောသုံးပြီး ကားလမ်းအသစ်တွေ၊ ရထားလမ်းအသစ်တွေ ဖောက်လုပ်နေတယ်။ စက်ရုံအသစ်တွေ လည်ပတ်နိုင်အောင် အကြီးစား စွမ်းအင်ပရောဂျက်တွေ ဆောက်လုပ်ပြီးသား ဖြစ်နေပြီ။

ရှီကျင်းပြည်နယ်မှာ စက်ရုံအသစ်တွေ ဆောက်တာအပြင် အရှေ့ခြမ်းတရုတ်ပြည်က တခြားတရုတ်ကုန်ထုတ် အရင်းရှင်တွေဟာ CPEC ကနေ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက ဈေးကွက်တွေကိုပါ လွယ်လင့်တကူ လက် လှမ်းမှီသွားလိမ့်မယ်။ တရုတ်အရင်းရှင်တွေက ကုန်ချော ရောင်းကုန်တွေ လွယ်လင့်တကူတင်ပို့နိုင်သလို အဲဒီ ဒေသက ကုန်ကြမ်းတွေကိုလည်း တရုတ်ပြည်တွင်းကို လွယ်လင့်တကူ တင်သွားလာနိုင်လိမ့်မယ်။ ဒါ့အပြင် တောင်တရုတ်ပင်လယ်ကို ဖြတ်သန်းပြီး ကုန်သွယ်နေရတဲ့ လက်ရှိလမ်းကြောင်းအပြင် တရုတ်အုပ်စိုးသူ လူတန်း စားအဖို့ ကုန်းတွင်းပိုင်းက နောက်တလမ်း ထပ်ရသွားမယ်။ အခုလက်ရှိသုံးနေတဲ့ ရေကြောင်းလမ်း ပိတ်ဆို့ ခံရရင်တောင် တရုတ်အရင်းရှင်တွေရဲ့ ကုန်သွယ်ရေး မထိခိုက်နိုင်တော့ဘူး။

ပါကစ္စတန်မှာ ကားလမ်းမကြီးတွေနဲ့ ဆက်စပ် အခြေခံအဆောက်အဦတွေ ဖောက်လုပ်ဖို့ ဒေါ်လာ ၁၁ ဘီလျံ ရင်းနှီးမြှုပ်သွားမယ်၊ လျှပ်စစ်ရရှိရေး စွမ်းအင်ပရောဂျက်တွေအတွက် ဒေါ်လာ ၃၅ ဘီလျံအသုံးပြုသွားမယ်လို့ အစောပိုင်းတုန်းက ကြေညာထားခဲ့တယ်။ အခု ရထားလမ်းအသစ်တွေ ဖောက်ဖို့ နောက်ထပ် ဒေါ်လာ ၁၁ ဘီလျံ ထပ်တိုးလိုက်ပြန်ပြီ။ “Early Harvest” လို့ခေါ်တဲ့ တချို့ပရောဂျက်တွေက တနှစ် ၂နှစ်အတွင်း စအသုံး ပြုလို့ရပြီ။ ကျန်ပရောဂျက်တွေကတော့ လုပ်ငန်းလည်ပတ်လို့ရအောင် နှစ်အနည်းငယ် ကြာဦးမယ်။

မြို့ပြတွေနဲ့ ဝေးကွာလှတဲ့ အာရပ်ဘီးယန်း ပင်လယ် ကမ်းရိုးတန်းပေါ်က ထီးတည်းတည်ရှိနေတဲ့ လှပ အေးချမ်း သော ရွာငယ်လေးတခုသာ ဖြစ်ခဲ့တဲ့ Gwadar ဟာ အခုများတော့ ခေတ်သစ်မြို့ကြီးတမြို့အဖြစ် ပြောင်းလဲသွား ခဲ့ပြီ။ ဒီဆိပ်ကမ်းမှာ တနှစ် တနှစ် သဘောင်္တင်ကုန်ပစ္စည်းတွေ တန်ချိန် သန်းပေါင်း ၃၀၀ ကနေ ၄၀၀ အထိ တင်ချ လုပ်နိုင်ရေး အခြေခံအဆောက်အဦတွေ ဆောက်လုပ်ထားရုံမကသေးဘူး၊ တရုတ်အရင်းရှင်တွေက ခေတ်မီ လေဆိပ်ကြီး တခုလည်း ဆောက်ထားသေးတယ်။ ဒီခေတ်မီ နည်းပညာတွေ အသုံးပြုပြီး ရောင်းကုန်တွေ တင်ပို့ ပေးနိုင်မယ့် စက်ရုံကြီးတွေလည်း ဒီနားတဝိုက်မှာ ဆောက်လုပ်သွားဖို့ စီစဉ်ထားတယ်။

ပါကစ္စတန်မှာ ဒီစီမံကိန်းကနေ အလုပ်အကိုင်အသစ် ရသိန်းလောက် ဖန်တီးပေးနိုင်မယ်လို့ ခန့်မှန်းထားကြတယ်။ အိမ်ခြံမြေ စီးပွားရေးလုပ်ငန်းတွေ တဟုန်ထိုး အားကောင်းလာပြီး ဒေသခံ တံငါသည်တွေကို ဖယ်ရှားပစ်ကာ အိမ် ခြံမြေဆိုင်ရာ ကိုလိုနီတွေ ထူထောင်ထားလိုက်တယ်။ ဒီလမ်းကြောင်းကို ကာကွယ်ဖို့ ရေတပ်ကို အကြီးအကျယ် တည်ဆောက်ထားတယ်။ Gwadar ကို ဒီလမ်းမကွန်ယက်တွေကနေ ပါကစ္စတန်ပြည်တွင်းက တခြား ဆိပ်ကမ်း တွေနဲ့ ချိတ်ဆက်ထားသလို တရုတ်ပြည်နဲ့လည်း ချိတ်ဆက်ထားသေးတယ်။ ဒီစီမံကိန်းကြောင့် ဒေသတွင်း တင်မက ဟိုဘက်အထိ ယဉ်ကျေးမှု၊ နိုင်ငံရေးနဲ့ လူမှုရေးဆိုင်ရာ သက်ရောက်မှုတွေ ကြီး ကြီးမားမား ရှိလာတယ်။

CPEC အတွက် စတေးလိုက်ရတာတွေ

CPEC ပရောဂျက်ထဲက ကားလမ်းမကြီးတွေ ဆောက်လုပ်ဖို့ ချေးငွေ ဒေါ်လာ ၁၁ဘီလျံယူထားရတယ်။ အတိုး နှုန်း ၁.၆%နဲ့ ၂၅နှစ်အတွင်း ပြန်ဆပ်သွားရမယ်။ လျှပ်စစ်ထုတ်လုပ်ဖို့ စွမ်းအင်ပရောဂျက်တွေအတွက် သုံးစွဲ ထားတဲ့ ဒေါ်လာ ၃၅ ဘီလျံကို ၄.၉၅% အတိုးနှုန်းနဲ့ ဆယ်နှစ်အတွင်း ပြန်ဆပ်သွားရမယ်။ (ဒီစွမ်းအင် ပရောဂျက် အများစုဟာ ကျောက်မီးသွေးစွမ်းအင်သုံး ပရောဂျက်တွေဖြစ်တယ်)။ ဒါ့အပြင် ၁.၇၄% LIBOR နဲ့ ၄.၅% spread ကိုလည်း ဒီချေးငွေတွေထဲ ပေါင်းထည့်တွက်ဖို့လိုသေးတယ်။ [LIBOR ဆိုတာ London Inter-Bank Offered Rate ကိုရည်ညွှန်းတယ်။ ဘဏ်တခုက လိုတဲ့ငွေကို တခြားဘဏ်ကနေ ယာယီချေးထားလို့ ပေးရတဲ့ ယာယီအတိုးကို ရည်ညွှန်းခြင်းဖြစ်တယ်။ spread ဆိုတာက ဘဏ်တွေက ငွေချေးသူဆီက ယူထားတဲ့ အတိုးနှုန်း နဲ့ ဘဏ်တွေဆီ ငွေသွားအပ်သူတွေရတဲ့ အတိုးနှုန်းကြားက ကွာခြားချက်/ ဘဏ်တွေဘက်က ရလိုက်တဲ့ အသားတင် အတိုး အမြတ်ကို ရည်ညွှန်းခြင်းဖြစ်တယ်။] ဒီအတိုးနှုန်းတွေနဲ့ဆို ပါကစ္စတန်ဘက်က တနှစ်တနှစ် အရင်းချည်း ဒေါ်လာ ၃.၉၄ ဘီလျံပြန်ဆပ်ရမယ်၊ အတိုး ဒေါ်လာ ၁.၉၀၈ ဘီလျံပြန်ဆပ်ရမယ်။ ဒီလို အကြမ်းဖျင်း ခန့်မှန်းတွက်ထားတဲ့ အတိုင်းဆို တနှစ်တနှစ် အတိုးအရင်း စုစုပေါင်း ဒေါ်လာ ၅.၈၅၈ဘီလျံ ပြန်ဆပ်ရမယ့် အနေအထား။ ပါကစ္စတန် ဂျီဒီပီ ရဲ့ ၂%နဲ့ညီမျှနေတယ်။ ရထားလမ်းနဲ့ ဆက်စပ် အခြေခံ အဆောက်အဦတွေအတွက် နောက်ထပ် ဒေါ်လာ ၁၁ဘီလျံ အခု ထပ်တိုးရင်းလိုက်ပြန်ပြီ။ ဒီတော့ ပါကစ္စတန်ဘက်က ပြန်ဆပ်ရပြီဆိုတာနဲ့ မနိုင်ဝန်ပိပြီသာမှတ်။

ကမ္ဘာတလွှားက တရုတ်ရင်းနှီးမြှုပ်နှံမှု အားလုံးလိုပဲ ပါကစ္စတန်မှာလည်း တကယ့် စာချုပ်စာတမ်းတွေ၊ အတိုး နှုန်းတွေကို လူထုက မသိရဘူး၊ တရုတ်နယ်ချဲ့ သွေးစုပ်ကောင်က ဂုတ်ခွကိုက်လိုက်တော့မှသာ လူထုက ပုခုံးပေါ် ရောက်နေတဲ့ သွေးစုပ်ကောင်ကို စခံစားမိတော့တာပဲ။ အတိုးနှုန်း ပြောင်းလဲနေတဲ့အကြောင်း အစီရင်ခံစာ အသစ် တွေ ထွက်လာတာ တွေ့ရတယ်။ တချို့အစီရင်ခံစာတွေအရဆို စွမ်းအင်ပရောဂျက်တွေအတွက် သုံးစွဲတဲ့ ဒေါ်လာ ၃၅ဘီလျံထဲက ဒေါ်လာ ၁၅ဘီလျံကို ပါကစ္စတန်အစိုးရက စီမံသုံးစွဲတာမဟုတ်ဘဲ တရုတ် ပုဂ္ဂလိက လုပ်ငန်း အများစုက စီမံသုံးစွဲနေတာဖြစ်ကြောင်း သိရတယ်။ Exim Bank of China က ထုတ်ချေးတဲ့ ဒီချေးငွေတွေရဲ့ အတိုးနှုန်းက ၆%အထိ ရှိနိုင်တယ်။

ဒါ့အပြင် ပါကစ္စတန် အစိုးရအနေနဲ့ ဒီပရောဂျက်အားလုံးက လျှပ်စစ်ကို လိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည်ဖြစ် စေ အနည်းဆုံး နှစ်သုံးဆယ် ဝယ်ကိုဝယ်ရမယ်။ ဒီပရောဂျက်တွေက ထုတ်လွှတ်လိုက်တဲ့ လျှပ်စစ်ဈေးနှုန်းထား တွေက ခေါင်ခိုက်နေတယ်။ နိုင်ငံတကာစံနှုန်းတွေထက် အဆမတန် ပိုများသလို ပြည်တွင်းမှာ လက်ရှိထုတ် ရောင်းနေတဲ့ လျှပ်စစ်ဈေးနှုန်းတွေထက်လည်း အဆမတန်ပိုများတယ်။

ပါကစ္စတန်လူထုဟာ ဂျပန်၊ အမေရိကန်နဲ့ တခြားသော ပုဂ္ဂလိက အရင်းရှင်တွေပိုင်တဲ့ “လွတ်လပ်သာ ပါဝါထုတ်လွှတ်သူများ” (IPPs) နဲ့ စာချုပ်တွေချုပ်ပြီးကတည်းက သွေးစုပ်ခံနေရပြီးသားဖြစ်တယ်။ ဒီပုဂ္ဂလိက အရင်းရှင်တွေနဲ့ စာချုပ်တွေချုပ်ပြီးတဲ့နောက် လျှပ်စစ်ဈေးတွေ ခေါက်ခိုက်သွားတယ်။ လျှပ်စစ်မီးလည်း ပုံမှန်မရ တော့ဘူး။

ဒီစာချုပ်တွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ခုကတည်းက လုပ်လာတဲ့ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ရေး ပုဂ္ဂလိက ပိုင်ပြုခြင်းဖြစ်စဉ်ရဲ့ အစိတ်အပိုင်းသာ ဖြစ်တယ်။ ဒီစာချုပ်တွေမှာ အကျင့်ပျက်ခြစားမှုတွေ ဆိုးဝါးလွန်းနေလို့ လူ ထုမှာ အပူချိန် ၅၀ ဒီဂရီ စင်တီဂရိတ်အထက် ရောက်နေတဲ့ နွေအခါမှာတောင် တနေ့ ဆယ်နာရီကနေ ၁၅နာရီ လောက်ထိ မီးဖြတ်တာ ခံနေရတယ်။ IPPs တော်တော်များများက လျှပ်စစ်ထုတ်တောင်မထုတ်ဘူး။ ဒါပေမယ့် အစိုးရက ဒီပုဂ္ဂလိက အရင်းရှင်တွေရဲ့ တပ်ဆင်ထားပြီးသား အလုပ်ရုံတွေအတွက် ငွေပေးနေရတယ်။ လျှပ်စစ် စွမ်းအင် ပြတ်တောက်မှုကြောင့် အသေးစားနဲ့ အလယ်အလတ် စက်မှုလုပ်ငန်းတွေ သိန်းနဲ့ချီ ပိတ်သိမ်းလိုက်ရ တယ်၊ နိုင်ငံတဝှမ်းက သန်းနဲ့ချီတဲ့ အလုပ်သမားတွေ အလုပ်ဖြုတ်ခံလိုက်ရတယ်။ ဆယ်စုနှစ်၂ခုအတွင်း တရုတ် ပြည်ထွက် ဈေးချိုချို ကုန်ပစ္စည်းတွေ ဒလဟောဝင်လာလို့ ပါကစ္စတန်က စက်ရုံတော်တော်များများ ပိတ်သိမ်းခဲ့ ရတယ်။ အခုလို လျှပ်စစ်ဖြတ်တောက်ခံရလို့ ပါကစ္စတန်ပြည်တွင်း စက်ရုံတွေ ပိတ်သိမ်းလိုက်ရတဲ့အခါ တရုတ် အရင်းရှင်တွေအဖို့ အတိုင်းထက်အလွန်ဖြစ်ရ။

စွမ်းအင်ထုတ်လုပ်ရေးကို ပုဂ္ဂလိကအရင်းရှင်တွေလက်ထိုးအပ်လိုက်ရုံမက၊ အကျင့်ပျက်ခြစားမှုတွေကပါ လှိုက် စားထားသေးတဲ့အတွက် လက်ကျန် လျှပ်စစ်ထုတ်လွှတ်ရေး ကွန်ယက် အခြေခံအဆောက်အဦတွေဟာ မြန်မြန် ဆန်ဆန် ယိုယွင်းပျက်စီးလာတယ်၊ သန်းနဲ့ချီတဲ့ ဆင်းရဲသား ပါကစ္စတန်လူထုအဖို့ လျှပ်စစ်ဆိုတာ အတိတ်က သုံးဖူးတဲ့ ပစ္စည်းတမျိုးလို ဖြစ်လာတယ်။ ထင်ရှားတဲ့ နမူနာကတော့ Nandipur က ပူးတွဲစွမ်းအင်ထုတ်လုပ်ရေး ပရောဂျက်ပဲ။ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဒေါ်လာတွေ သန်းနဲ့ချီ သုံးထားသလို နောက်ထပ်လည်း မနည်း မနော ပုံအောထည့်သွင်းထားရပေမယ့် လျှပ်စစ် တယူနစ်လောက်တောင် ထွက်မလာသေးဘူး။ ဒါဟာ တရုတ်နဲ့ ပါကစ္စတန် အုပ်စိုးသူတွေ ပူးပေါင်း သွေးစုပ်ခြယ်လှယ်မှုရဲ့ လက်တွေ့ပြယုဂ်ပဲ။ အလားတူပဲ၊ တရုတ် အရင်းရှင် တည်ဆောက်ထားတဲ့ ဆိုလာစွမ်းအင်ပရောဂျက်က ထွက်တဲ့ လျှပ်စစ်ကို တယူနစ် ၁၇ ရူပီးနှုန်း သတ်မှတ် ထားတယ်။ နိုင်ငံတကာ ဈေးနှုန်းက တယူနစ် ၄ရူပီးပဲရှိတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဒီပရောဂျက်တွေဟာ ဘယ်လောက်တောင် လူထုကို သွေးစုပ်နေသလဲ အထင်အရှားတွေ့ရမယ်။ ဒီနမူနာတွေဟာ ရေခဲတုံးကြီးရဲ့ ရေ မျက်နှာပြင် အထက်တွေ့ရတဲ့ အဖျားပိုင်းလေးသာ ရှိသေးတယ်။

ဒါ့အပြင် တရုတ်အုပ်စိုးသူလူတန်းစားက သင်းတို့မလိုလားတဲ့ ကျောက်မီးသွေးကို ပါကစ္စတန်က ဒီပရောဂျက် တွေမှာ အသုံးပြုပြီး ရှင်းထုတ်ဖို့လုပ်နေတယ်။ ပါကစ္စတန်မှာ ကျောက်မီးသွေး အရင်းအမြစ်တွေ တပုံတခေါင်းရှိ ပေမယ့် စွမ်းအင်ထုတ်လုပ်ရေး ပရောဂျက်တော်တော်များများအတွက် ကျောက်မီးသွေးကို တရုတ်ကနေ မဖြစ် မနေ ဝယ်နေရတယ်။ Karachi ဆိပ်ကမ်းကနေ Sahiwal က စွမ်းအင်ထုတ်လုပ်ရေး စက်ရုံကြီးတွေဆီ တရုတ် ပြည်က တင်သွင်းလာတဲ့ ကျောက်မီးသွေးတွေ သယ်ပို့ရအောင် အဆင့်မြင့် ရထားလမ်းတွေ တည်ဆောက်ထား သေးတယ်။ ဒါတွေရဲ့ ပတ်ဝန်းကျင်ထိခိုက်မှု အန္တရာယ်ကို ပါကစ္စတန်လူထုက ကျောကော့နေအောင် ခံရမယ်။ အခုကို ပတ်ဝန်းကျင်ပျက်စီးမှု အခြေအနေ အတော်ဆိုးနေပြီ။ လေထုညစ်ညမ်းမှုကြောင့် မြို့ကြီးတော်တော်များ များမှာ မြူခိုးငွေ့တွေ ထူထပ်နေတယ်။ လူထုကို ပေးဝေတဲ့ ရေအများစုက သောက်သုံးဖို့ ဘယ်လိုမှ မသင့်တော် ဘူး၊ အာဇင်းနစ်(ခ်)ဓာတ်တွေ များလွန်းနေတယ်။ သွေးစုပ်ခံလူထုအဖို့တော့ ဒီပရောဂျက်အသစ်တွေကြောင့် ပတ်ဝန်းကျင် ယိုယွင်းမှု ဆိုးသထက် ဆိုးလာပြီး ကျန်းမာရေး ဆိုးကျိုးတွေ တသီကြီး ထပ်တိုးလာတော့မယ်။

ဒီစွမ်းအင်ထုတ်လုပ်ရေး စက်ရုံကြီးတွေ စလည်ပတ်လာပြီဆိုရင် အကြွေးတွေ ၂ပတ်တခါ မှန်မှန် ပြန်ဆပ်ရတော့ မယ်။ အကြွေးပြန်ဆပ်ရင် အမေရိကန် ဒေါ်လာနဲ့သာ ဆပ်ရမယ်။ တကယ်လို့သာ ပါကစ္စတန် ရူပီးကသာ တန်ဖိုး ကျလာခဲ့ရင် အကြွေးနွံက ဆတက်ထပိုး ထိုးတက်သွားမယ်။

ပါကစ္စတန်မှာ IMF, World Bank, Asian Development Bank နဲ့ တခြား နိုင်ငံတကာ ဘဏ္ဍာအရင်းရှင်တွေဆီ က ချေးထားရတဲ့ ပြည်ပကြွေးမြီ ဒေါ်လာ ၇၅ ဘီလျံ ရှိနှင့်ပြီးသားဖြစ်တယ်။ ဒီလို အကြွေးနွံနစ်နေလို့ တိုင်းပြည် ဘတ်ဂျက် တဝက်လောက်ကို နှစ်စဉ် အတိုးအရင်း ပြန်ဆပ်တဲ့နေရာမှာ အသုံးပြုနေရတယ်။ နဂိုကတည်းက ကြွေးမြီနဲ့ ဂျီဒီပီအချိုး ၆၇.၄% ရှိနေတဲ့ ပါကစ္စတန်ဟာ တရုတ်နယ်ချဲ့ဆီက ထပ်ယူထားရတဲ့ အကြွေးအသစ်တွေ ကြောင့် စီးပွားရေး နလံပြန်ထူဖို့ မလွယ်တော့ဘူး။

နဂိုကတည်းက အကြွေးနွံထဲနစ်နေတဲ့ ပါကစ္စတန် စီးပွားရေးဟာ ကြွေးမြီအသစ်တွေကြောင့် ချောက်ကမ်းပါးထဲ ထိုးကျတော့မယ်။ ချေးငွေအပေါ်က အတိုးနှုန်းနင့်နေအောင် ပေးဆပ်နေရုံမကသေးဘူး၊ ရင်းနှီးမြှုပ်နှံမှုလာလုပ် တဲ့ အရင်းရှင်လုပ်ငန်းစုတိုင်းကို ညီတူညီမျှ အမြတ် ၃၄.၅% ရစေဖို့ ပါကစ္စတန်အစိုးရက အာမဘန္တေ ခံထားရ တယ်။ စွမ်းအင်ထုတ်လုပ်ရေး ပရောဂျက်တွေမှာ အကြွေးနဲ့ ညီမျှမှု အချိုးချကြည့်တော့ အကြွေးက ၇၅%ရှိနေပြီး ညီမျှမှုက ၂၅% သာရှိနေတယ်။ ဒီလိုနည်းနဲ့ ပါကစ္စတန်အစိုးရက အရင်းရှင်လုပ်ငန်းတွေကို အမြတ်သေချာ အောင် လုပ်ပေးထားတယ်။

အရပ်ဖက် အာဏာပိုင်တွေနဲ့အတူ စစ်ဖက်ထပ်ပိုင်း အရာရှိကြီးတွေကလည်း အရင်းရှင်နယ်ချဲ့နဲ့ပေါင်းပြီး လူထု ဆီက အဆီအသားတွေ ခွဲဝေ ဝါးမျိုနေတယ်။ CPEC လမ်းကြောင်းလုံခြုံရေးအတွက် တပ်ဖွဲ့ဝင် ငါးသောင်းနဲ့ ဖွဲ့စည်းထားတဲ့ အထူး အကြမ်းဖက် တပ်ကိုလည်း အဆင်သင့် နေရာယူထားစေတယ်။ ဒီအထူးအကြမ်းဖက်တပ် ကုန်ကျစရိတ်ဟာ CPEC ရဲ့ တရားဝင် ကုန်ကျစရိတ် စာရင်းထဲ မပါသေးဘူး။ တရုတ် အုပ်စိုးသူ လူတန်းစားက ဒီလုံခြုံရေး စရိတ်တွေ ပါကစ္စတန် အစိုးရဘက်က ကျခံခိုင်းနေတယ်။ ဒီတော့ တိုင်းပြည်ဘဏ္ဍာထဲက အကြွေး ဆပ်ရတဲ့ ဘတ်ဂျက်ခွဲတမ်းပြီးရင် ဒုတိယအများဆုံးလိုက်နေတာ စစ်တပ်ဘတ်ဂျက်ဖြစ်နေပြီးသား တိုင်းပြည်မှာ နောက်ထပ် စစ်သုံးစရိတ် ထပ်တိုးယူရတော့မယ့် အခြေဆိုက်နေပြီ။ အစိုးရက နောက်တိုး စစ်သုံးစရိတ် ထုတ် ပေးဖို့ အချိန်ဆွဲနေတယ်။ ဒါ့ကြောင့် ပါကစ္စတန် စစ်ဘက်အာဏာပိုင်တွေနဲ့ အရပ်ဖက်အာဏာပိုင်တွေကြား တင်း မာမှုတွေ ဖြစ်ပွားခဲ့တယ်။ နောက်ဆုံးမှာတော့ စက်တင်ဘာ ၂၁ရက်နေ့က လုပ်ခဲ့တဲ့ ဘဏ္ဍာရေးဝန်ကြီးနဲ့ စစ်တပ် ထိပ်ပိုင်းအရာရှိဟောင်းတို့ အစည်းအဝေးကနေ CPEC လုံခြုံရေး ကုန်ကျစရိတ် ကာမိစေဖို့ လျှပ်စစ်သုံးစွဲသူ လူထုဆီက အခွန် ၁%တိုးကောက်ဖို့ရာ ဆုံးဖြတ်ခဲ့တယ်။ ရလဒ်ကတော့ လူထုအဖို့ လျှပ်စစ်ဈေးတွေ အဆမတန် ထိုးတက်သွားတယ်။ လုံခြုံရေး ကုန်ကျစရိတ်တွေအပြင် CPEC နဲ့ဆက်စပ် လမ်းမကြီးတွေပေါ် ခရီး သွားသူတွေ ဆီက တိုးလ်ဂိတ်ကြေး (ဆပ်ကြေး) ကောက်ယူသွားဦးမယ်။ ဒီတော့ ပါကစ္စတန်လူထုဟာ အပြန်တရာ သွေးစုပ်ခံ နေရခြင်းဖြစ်တယ်။

အကြွေးပြန်မဆပ်နိုင်မှာ စိုးရိမ်နေကြသတဲ့

ဒီအခြေအနေတစုံလုံးဟာ အရင်းရှင်စနစ်ရဲ့ မဟာဗျူဟာသမားတွေကို လှုပ်နှိုးလိုက်ပြီးဖြစ်တယ်။ မြောက်မြားလှ တဲ့ ဒီချေးငွေတွေကနေ ပြသနာပေါင်း သောင်းခြောက်ထောင် ပေါ်ပေါက်လာနိုင်တာ သိထားဖို့လိုကြောင်း ပါကစ္စတန် အစိုးရကို သတိပေးနေကြတယ်။

ဒီရင်းနှီးမြှုပ်နှံမှုတွေမှာ အန္တရာယ်တွေ အများကြီးရှိနေကြောင်း Financial Times က တရုတ်အစိုးရကို ဆောင်းပါး တွေကနေ သတိပေးထားတယ်။ IMF ကလည်း ပါကစ္စတန်အစိုးရကို CPEC ရဲ့ အန္တရာယ်တွေ၊ အကြွေးနွံနစ်မယ့် အခြေအနေတွေအကြောင်း ထပ်လောင်း သတိပေးထားသေးတယ်။ ဒီဘဏ္ဍာရေး အဖွဲ့အစည်းကြီးတွေက ပါကစ္စတန်ရဲ့ ပြိုလဲလု စီးပွားရေးအခြေအနေကိုသာမက ကမ္ဘာ့ ဘဏ္ဍာရေး ဈေးကွက်တွေအတွင်း တရုတ်အုပ်စိုး သူလူတန်းစားရဲ့ သြဇာ ကြီးသထက်ကြီးလာနေတာကိုလည်း ပူပန်နေကြတယ်။ ဟိုအရင်ကတော့ IMF လို ကမ္ဘာ့ဘဏ်လို ဘဏ္ဍာရေးအဖွဲ့အစည်းကြီးတွေကို အမေရိကန်က ကျားကန်ပေးထားပြီး၊ ပါကစ္စတန်လို တိုင်းပြည် တွေက လိုက်ကိုလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ပြဌာန်းခဲ့ကြတယ်။ ဒီလို တိုင်းပြည်တွေရဲ့ အုပ်စိုးသူ လူတန်းစားက အကြပ်ဆိုက်ပြီဟေ့ဆိုတာနဲ့ အဲဒီ ဘဏ္ဍာရေး အဖွဲ့အစည်းကြီးတွေဆီ ပြေးပြီး ကူပါ ကယ်ပါ ငွေချေးပါ လုပ်ကြရတယ်။ ငွေးချေးယူရတဲ့ အုပ်စိုးသူလူတန်းစားက ဘဏ္ဍာရေးအဖွဲ့အစည်းကြီးတွေ ပြ ဌာန်းသလို လိုက်အကောင်အထည်မဖော်ခဲ့ရင် ဘဏ္ဍာအရှင်တွေက အပြစ်ပေးအရေးယူနိုင်တယ်။ ဒီတော့ ဘဏ္ဍာ အရင်းရှင်ကြီးတွေအလိုကျ လိုက်နာ ကျင့်သုံးရုံကလွဲလို့ တခြားရွေးစရာမရှိ။ အခုတော့ တရုတ် ဘဏ္ဍာ အရင်းရှင် တွေက ပါကစ္စတန်လို ငမွဲတိုင်းပြည်ရဲ့ အုပ်စိုးသူလူတန်းစားကို ငွေတွေ ပုံအောချေးနေတော့ IMF လို၊ ကမ္ဘာ့ ဘဏ်လို ဘဏ္ဍာရေး အဖွဲ့အစည်းကြီးတွေရဲ့ အာဏာ လှိုက်စားခံရလိမ့်မယ်။ အမေရိကန် နယ်ချဲ့သမားနဲ့ အပြိုင် တရုတ် အုပ်စိုးသူ လူတန်းစားဟာလည်း ဒေသတွင်းမှာ နယ်ချဲ့ပါဝါအဖြစ် ထွက်ပေါ်လာတော့မယ်။

ဒါ့ကြောင့်ပဲ အမေရိကန် နယ်ချဲ့သမားက IMF နဲ့ ကမ္ဘာ့ဘဏ်တို့ နေရာမှာ တရုတ်နယ်ချဲ့ အာဏာတည်ဆောက် လာမှာကို အသည်းအသန် ငြင်းဆန် ချေဖျက်နေခြင်းဖြစ်တယ်။ ဒါပေမယ့် အခုဆို တရုတ်ဘဏ္ဍာ အရင်းရှင် လူတန်းစားက OBOR ရဲ့ ပရောဂျက်အများစုကို ငွေကြေးပိုင်းပံ့ပိုးမယ့် အာရှ အခြေခံ အဆောက်အဦ ရင်းနှီးမြှုပ်နှံ မှုဘဏ် (AIIB) ကို ထူထောင်လိုက်ပြီဖြစ်တယ်။ ဒါ့အပြင် (အရင်က BRICS ဖွံ့ဖြိုးမှုဘဏ်) ဖွံ့ဖြိုးမှု ဘဏ်အသစ် ကိုလည်း ထူထောင်ပြီးဖြစ်တယ်။ Exim Bank of China နဲ့ China Development Bank ကလည်း CPEC နဲ့ ကမ္ဘာတလွှားက တခြား အခြေခံအဆောက်အဦ ပရောဂျက်တွေအတွက် ငွေတွေ အလုံးအရင်း ထုတ်ချေးနေ တယ်။ တရုတ် အုပ်စိုးသူ လူတန်းစားရဲ့ ဒီခြေလှမ်းတွေဟာ တည်ဆဲ ကမ္ဘာ့နယ်ချဲ့ အဖွဲ့အစည်းကြီးတွေနဲ့ ထိပ် တိုက် တွေ့လာတယ်။

IMF ဘက်ကပြောတဲ့ နောက်စွပ်စွဲချက်တခုက တရုတ် အုပ်စိုးသူ လူတန်းစားဟာ ငွေတွေ အဆင်ခြင်မဲ့ သုံးနေ တယ်၊ ပါကစ္စတန်လို စီးပွားရေး ပြိုကွဲလုနီးပါး တိုင်းပြည်တွေအဖို့ ဒီလောက်များတဲ့ ချေးငွေတွေ ပြန်မဆပ်နိုင် တာမျိုး ဖြစ်သွားနိုင်တယ်။ ဒီတော့ တရုတ် အုပ်စိုးသူ လူတန်းစား ထုတ်ချေးထားတဲ့ ငွေအရင်းတောင် စုန်းစုန်း မြှုပ်သွားနိုင်တယ်။ ပါကစ္စတန်ရဲ့ စီးပွားရေးဟာ ဒီလောက်ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ရလောက်အောင် အားမကောင်းလှဘူး၊ အလွန် အန္တရာယ်ကြီးတယ်လို့ Financial Times က တရုတ် အုပ်စိုးသူ လူတန်းစားကို ထပ် တလဲလဲ သတိပေးထားတယ်။ နှစ်ပေါင်းများစွာ ကြာတဲ့အထိ လောင်စာဆီ ထောက်ပံ့မှုကို မကြောင့်ကြရလေ အောင် တရုတ် အုပ်စိုးသူ လူတန်းစားက ဗင်နီဇွဲလားမှာ ဒေါ်လာ ၆၅ ဘီလျံအထက် ရင်းနှီးခဲ့တဲ့ ဥပမာကို Financial Times က ထောက်ပြတယ်။ လောင်စာဆီဈေးတွေ ထိုးကျသွားတော့ ရင်းနှီးမြှုပ်နှံထားတဲ့ ငွေတွေ ပလုံ သွားတော့မယ့် အခြေဆိုက်သွားတယ်။ အခုထိလည်း ဗင်နီဇွဲလားဘက်က အကြွေးတွေ ပြန်မဆပ်နိုင်သေးဘူး၊ ဗင်နီဇွဲလားရဲ့ လက်ကျန် လောင်စာဆီကလည်း အဲ့လောက် တန်ကြေးမရှိတော့ဘူး။ ဒါပေမယ့် တရုတ်အုပ်စိုးသူ လူတန်းစားကတော့ CPEC နဲ့ဆိုင်တဲ့ သတိပေးချက်တွေကို လစ်လျူရှုထားပြီး ဒီပရောဂျက်ကို ဆက်အကောင် အထည်ဖော်နေတယ်။

အကြွေးတွေ စဆပ်ရတာနဲ့ ပါကစ္စတန်ရဲ့ လက်ရှိ ဘဏ္ဍာရေးလိုငွေဟာ မကြုံစဖူး ဆောင့်တက်သွားမယ်၊ ဒီ လောက်များတဲ့ အကြွေးတွေကို ပြန်ဆပ်နိုင်မှာလည်း မဟုတ်ကြောင်း IMF က ပါကစ္စတန်အုပ်စိုးသူလူတန်းစား ကို သတိပေးထားသေးတယ်။

ဒါ့အပြင် ပါကစ္စတန်ပြည်တွင်း စက်မှုအရင်းရှင်တွေကလည်း ဒီပရောဂျက်ကြီးကို သတိထားနေကြတယ်၊ သူတို့ရဲ့ စိုးရိမ်ချက်တွေကို ထုတ်ပြောလာကြတယ်။ တရုတ်ကုန်စည်တွေကို ထိထိရောက်ရောက် စည်းကြပ်နိုင်လောက် အောင် ပါကစ္စတန် အစိုးရဟာ အားမကောင်းဘူး။ ချိနဲ့နေတယ်။ အခွန်စည်းကြပ်မှုတွေ လုပ်ခဲ့ရင်တောင် ပါကစ္စတန် ဗျူရိုကရက်တွေ လာဘ်စားတာနဲ့တင် လွယ်လွယ်လေး ရှောင်လို့ ရတယ်။ ပါကစ္စတန် ဘဏ္ဍာရေးဝန် ကြီး Haroon Akhtar ပြောကြားချက်အရဆို ဒေါ်လာ ၉ ဘီလျံတန်ဖိုးရှိ မှောင်ခိုပစ္စည်းတွေ ပါကစ္စတန်ကို နှစ်စဉ် တင်သွင်းနေတယ်။ တရုတ်ချည်ထည်ပစ္စည်းတွေ ပါကစ္စတန် ဈေးကွက်ထဲ ပလူပျံအောင် ရောင်းနေတယ်။ ဒါဟာ ပါကစ္စတန် စက်မှုလုပ်ငန်းနဲ့ ပို့ကုန်လုပ်ငန်းအတွက် အဓိက ကျောရိုးဖြစ်နေတဲ့ ပါကစ္စတန် ချည်ထည် လုပ်ငန်းကို အရှိုက်ထိုးလိုက်တာပဲ။ ပါကစ္စတန် စက်မှုအရင်းရှင်တွေဟာ ပြည်တွင်းမှာတင်မက၊ တရုတ် ကုန်တွေ လွယ်လင့် တကူ ရရှိနေတဲ့ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက ဈေးကွက်တွေမှာပါ တရုတ် အရင်းရှင်တွေ လုရောင်းကြရ မယ်။ ချည်ထည်ပစ္စည်းတွေအပြင် တရုတ် အရင်းရှင် လူတန်းစားက စတီးလ်နဲ့ တခြား လူသုံးကုန်ပစ္စည်း တော်တော်များများ ထုတ်လုပ်ရောင်းချရေးမှာ အများကြီး သာလွန်နေတယ်။ ဒီရောင်းကုန်တွေ ပါကစ္စတန် ဈေးကွက်ထဲ ဗုန်းဗောလအော ဝင်ချလာခြင်းဟာ ပြည်တွင်း စက်မှုလုပ်ငန်းအဖို့ သေမင်း ခေါင်းလောင်းသံ မြည် ဟည်းလာခြင်းပဲ။

ဒါ့အပြင် CPEC နဲ့ဆိုင်တဲ့ ပရောဂျက်တွေ ဆောက်လုပ်ဖို့ ကန်ထရိုက်အများစုကို တရုတ်ကန်ထရိုက် အရင်းရှင် တွေကပဲ ရရှိထားတယ်။ ဒါက နှစ်နိုင်ငံ အုပ်စိုးသူ လူတန်းစား အချင်းချင်းကြား အပေးအယူရဲ့ အရေးကြီး အစိတ် အပိုင်းတခု ဖြစ်တယ်။ ဒီအရင်းရှင်တွေက အင်ဂျင်နီယာဝန်ထမ်းတွေ၊ နည်းပညာပိုင်းဆိုင်ရာ ဝန်ထမ်းတွေအပါ အဝင် တရုတ်ပြည်က အလုပ်သမားအများစုကိုလည်း တပါတည်း ခေါ်လာကြတယ်။ အစပိုင်းမှာတော့ ကျွမ်းကျင် မှု မလိုတဲ့ နေရာတွေမှာ ပါကစ္စတန်က အလုပ်သမားတွေကို ခေါ်ခိုင်းတယ်။ အခုတော့ ဒီကဏ္ဍမှာပါ တရုတ်ပြည် က အလုပ်သမားတွေ ခေါ်ခိုင်းနေပြီ။ တချို့ ပရောဂျက်တွေမှာ တရုတ်ပြည်ထောင်ထဲက အချုပ်သားတွေကို ဆောက်လုပ်ရေး အရင်းရှင်တွေက ခေါ်ခိုင်းနေတယ်။ ဒီလို ခေါ်ခိုင်းဖို့ တရုတ်အစိုးရကို ငွေလေး မဖြစ်စလောက် ပေးလိုက်ရင် အဆင်ပြေတယ်။ ဒီအချုပ်သားတွေအတွက် လုံခြုံရေး တိုးမြှင့်ကုန်ကျစရိတ်ကို ပါကစ္စတန်ဘက်က ကျခံရတယ်။ ဒီအကျဉ်းသားတွေဟာ ဆိုးဝါးလှတဲ့ အခြေအနေမှာ ရှင်သန်နေကြရတယ်။ အလုပ်ချိန်ကလည်း အကန့်အသတ် မရှိ။ အခုချိန် ပါကစ္စတန်မှာ လုပ်ခကောင်းကောင်းနဲ့ ဝယ်လိုအားတက်နေတာက ဘာသာပြန် လုပ်နိုင်သူတွေပဲ။ မြို့ကြီးတွေမှာ တရုတ် ဘာသာစကား သင်တန်းတွေ မှိုလိုပေါက်နေပြီ။ ပါကစ္စတန် အစိုးရ ကလည်း မကြာခင်မှာ တရုတ်ဘာသာစကားကို ကျောင်းသင်ရိုးထဲ ထည့်သင်ဖို့ ကြေညာထားပြီးပြီ။ နေ့တဓူဝ ကိစ္စရပ်တွေမှာ မိခင်ဘာသာစကားကိုသာ ပြောကြတဲ့ ကျောင်းသားတွေအဖို့ အင်္ဂလိပ်၊ အာရပ်ဘစ်(ခ်)၊ အူရဒူ ဘာသာစကားတွေအပြင် ဘာသာစကားတခု မဖြစ်မနေ ထပ်သင်ရတော့မယ့် အနေအထား။

တရုတ် ကန်ထရိုက် အရင်းရှင်တွေ၊ တရုတ်ပြည်က ခေါ်လာတဲ့ အလုပ်သမားတွေအပြင် ဒီပရောဂျက်တွေအတွက် စက်ယန္တယားကြီးတွေနဲ့ ကုန်ကြမ်းတွေကိုလည်း တရုတ်ပြည်ကနေ တင်သွင်းလာကြတယ်။ တော်တော်များများ က အခွန်မဆောင်ဘဲ သွင်းထားတာ။ ဒီတော့ ပါကစ္စတန်ဘက်မှာ ဘဏ္ဍာရေးလိုငွေ ပိုပြလာတယ်။

ပါကစ္စတန်ဟာ တရုတ်ပြည်ထုတ် လက်နက်တွေ အများဆုံး တင်သွင်းရာ တိုင်းပြည်လည်း ဖြစ်တယ်။ တရုတ် ပြည်က တင်ပို့သမျှ လက်နက်အားလုံးရဲ့ ၃၅% အထက်က ပါကစ္စတန်ကို ဝင်ရောက်နေခြင်းဖြစ်တယ်။ နှစ်နိုင်ငံ ဆက်ဆံရေး ပိုအားကောင်းလာလေ ဒီတင်ပို့မှုက ပိုများလေပဲ။ ၂၀၁၄ခုနှစ်က တရုတ်သမ္မတရဲ့ ပါကစ္စတန် ခရီးစဉ် အတွင်း CPEC အကောင်အထည်ဖော်ရေး ကြေညာခဲ့သလို ဒေါ်လာ ၁ဝဘီလျံတန် သီးခြား အပေးအယူတခု လည်း သဘောတူခဲ့ကြသေးတယ်။ အဲဒီ အပေးအယူအရ ပါကစ္စတန်ဟာ တရုတ်ဆီက ရေငုတ်သင်္ဘောတွေနဲ့ တခြား စစ်လက်နက်တွေ ဝယ်ယူဖို့ ကြေညာခဲ့တယ်။ တရုတ်ဟာ တိုက်လေယာဉ် JF17 နဲ့ တခြားစစ်လက် နက်ပစ္စည်းတွေ တည်ဆောက်ဖို့ ပါကစ္စတန်နဲ့အတူ နီးနီးကပ်ကပ် အလုပ်လုပ်နေတယ်။ ပါကစ္စတန်က ရေတပ် သုံး ရှေ့ပြေးယာဉ်တွေနဲ့ တခြား သင်္ဘောကြီးတွေ တရုတ်ဆီကနေ ခပ်စောစောကတင် ဝယ်ထားသေးတယ်။ ဒီ မတိုင်ခင်က ပါကစ္စတန်ဟာ အမေရိကန်ဆီက F16s နဲ့ တခြားစစ်လက်နက်ပစ္စည်းတွေကိုသာ မှီခိုအားထားနေ ခဲ့ရတယ်။ ဒါပေမယ့် အခုချိန်မှာ ပါကစ္စတန် အုပ်စိုးသူလူတန်းစားက တရုတ် အုပ်စိုးသူလူတန်းစားဘက် ပိုဦး ညွှတ်လာပြီ ဖြစ်တယ်။

တရုတ်အစိုးရက အခုလို အကြီးစား ရင်းနှီးမြှုပ်နှံမှုတွေလုပ်လာတော့ တခြားစီးပွားရေးကဏ္ဍတွေမှာ လုပ်ကိုင် နေတဲ့ တရုတ်ကုမ္ပဏီတွေအဖို့ ပိုအားရှိလာတယ်။ ရှန်ဟိုင်းအခြေစိုက် အရင်းရှင်လုပ်ငန်းစုတခုက ပါကစ္စတန် စ တော့ခ် အိတ်ချိန်း PSX ကို ဒေါ်လာ ၈၅သန်းနဲ့ ဝယ်လိုက်ပြီး မကြာခင် စကိုင်တော့မယ်။ PSX ရဲ့ လတ်တလော လည်ပတ်ဖို့ ဈေးကွက်ထဲ လိုအပ်ငွေအရင်းဟာ ဒေါ်လာ ၁၀၀ ဘီလျံရှိတယ်။ တရုတ်အရင်းရှင်လုပ်ငန်းစုက မ ကြာခင်မှာ ဒီထက်ပိုတိုးလာဖို့ ရည်ရွယ်ထားတယ်။ တရုတ်အပါအဝင် တခြားတိုင်းပြည်တွေက အရင်းရှင်တွေ လာချင်အောင် ဆွဲဆောင်ဖို့ CPEC ဘွန်းစာချုပ်တွေနဲ့ ဆင့်ပွားလုပ်ငန်းတွေလိုမျိုး မက်လုံးအသစ်တွေ အစပျိုး နေပြီ။

တခြား တရုတ်အရင်းရှင်ကုမ္ပဏီတွေက တယ်လီကွန်းတွေ၊ လေကြောင်းလိုင်းတွေ၊ ကားထုတ်လုပ်ရေးတွေမှာ ရင်းနှီးမြှုပ်နှံနေကြတယ်။ တိုင်းပြည်ရဲ့ အကြီးဆုံး အစိုးရပိုင် စတီးလ်စက်ရုံ Pakistan Steel ကို ပုဂ္ဂလိကပိုင်ပြု ပြီး တရုတ် အရင်းရှင် ကုမ္ပဏီလက် ထိုးအပ်လိုက်ပြီ။ တရုတ်ဘဏ်တွေကနေ အစားအသောက် လုပ်ငန်းတွေအထိ တနိုင်ငံလုံး နေရာအနှံ့ တရုတ်အရင်းရှင်တွေ ကြီးစိုးနေပြီ။ နိုင်ငံတဝှမ်းက ဘတ်စ် စတန်းတွေမှာပါ တရုတ် ခရီးသွားတွေအတွက် အထူးကောင်တာတွေ လုပ်ပေးထားတယ်။ အခုချိန်ကနေ ၂၀၂ဝအတွင်း ပါကစ္စတန်အစိုး ရက တရုတ်ခရီးသွားတွေကို ဗီဇာတွေ ၁၅သန်းလောက် ထုတ်ပေးနိုင်ကြောင်း ခန့်မှန်းထားကြတယ်။

မဟာဗျူဟာမြောက် အကျိုးစီးပွားများနဲ့ ဒေသတွင်း အင်အား ချိန်ခွင်လျှာ

အမေရိကန်နဲ့ ဥရောပက နယ်ချဲ့ကိုယ်စားလှယ် မဟာဗျူဟာသမားတွေဟာ CPEC နဲ့ပတ်သက်လို့ အတော်လေး သတိထားနေကြတယ်။ ဒီပရောဂျက်ရဲ့ တရားဝင်ထုတ်ပြောထားတဲ့ ကုန်သွယ် လမ်းကြောင်း ရည်မှန်းချက်တွေ၊ စီးပွားရေး အကျိုးအမြတ်တွေအပြင် မဟာဗျူဟာမြောက် သက်ရောက်ချက်တွေကိုပါ ထည့်ဆွေးနွေးလာ ကြတယ်။ ဒီပရောဂျက်ကနေ အိန္ဒိယသမုဒ္ဒရာထဲ တရုတ်ရဲ့ သြဇာ ကြီးသထက်ကြီးလာတာကို သူတို့တွေ့နေရ တယ်။ ဒီလို တရုတ်သြဇာ ကြီးပြီးရင်း ကြီးလာလို့ အမေရိကန်သာမက အိန္ဒိယ အုပ်စိုးသူ လူတန်းစားလည်း သတိ ကြီးကြီး ထားနေရတယ်။ တရားဝင် ထုတ်ပြောထားသမျှ ဒီပရောဂျက် ဆောက်လုပ်ရခြင်း ရည်ရွယ်ချက်တွေဟာ အစစ်အမှန်မဟုတ်ဘဲ ညာဝါးချက်တွေသာဖြစ်ကြောင်း သူတို့ သဘောပေါက်နိုင်တယ်။ တကယ်တော့ တရုတ် အုပ်စိုးသူ လူတန်းစားက Gwadar မှာ ရေတပ်အခြေစိုက်စခန်း ဆောက်နေခြင်းဖြစ်တယ်၊ ဒီနောက် ကြည်းတပ် အခြေစိုက် စခန်းတွေပါ ဆောက်လာလိမ့်မယ်။ တရုတ်အုပ်စိုးသူလူတန်းစားက ကုန်သွယ်ရေးလမ်းကြောင်းကို အကာအကွယ်ပေးဖို့ Gwadar ဆိပ်ကမ်းဆီ ရေတပ်သင်္ဘောကြီးတချို့ ပို့ထားပြီးဖြစ်တယ်။ ဒီဆိပ်ကမ်းတွေဆီ ရေငုပ်သင်္ဘောတွေ သယ်လာဖို့လည်း ပြင်နေပြီ။ ဒါဟာ ဒီဒေသတွင်း လောင်စာဆီကုန်သွယ်ရေး လမ်းကြောင်းကို အကာအကွယ်ပေးဖို့ Hormuz ရေလက်ကြားမှာ ရေတပ်သင်္ဘောကြီးတွေ အင်တိုက်အားတိုက် ချထားနှင့် ပြီးသား အမေရိကန် နယ်ချဲ့ အာဏာကို တိုက်ရိုက်စိန်ခေါ်လိုက်တာပဲ။ ကမ္ဘာ့လောင်စာဆီကုန်သွယ်ရေးရဲ့ ၄၀% ကျော်ဟာ Hormuz ရေလက်ကြားကို ဖြတ်သန်းသွားကြတယ်။ အခုလို တရုတ်အာဏာ မြန်မြန်ဆန်ဆန် ချဲ့ထွင်လာခြင်းဟာ ဒီဒေသတခုလုံးရဲ့ အင်အားချိန်ခွင်လျှာကို ပြောင်းလဲသွားစေတယ်။

အိုဘားမားလက်ထက် အီရန်ကို အရေးယူပိတ်ဆို့မှုတွေ ဖယ်ရှားလိုက်တဲ့နောက် အီရန် မွတ်လ အစိုးရနဲ့ အမေ ရိကန်နယ်ချဲ့ကြား ဆက်ဆံရေးတွေဟာ အသစ်တဖန် ချိုးကွေ့သွားပြန်တယ်။ ဒီလို လှည့်ပြောင်းသွားတဲ့အခါ အစ်(ဇ်)ရေးနဲ့ ဆောင်းဒီအရေးဘီးယ တို့ရဲ့ နယ်ချဲ့အကျိုးစီးပွားတွေကို အရှိုက်ထိုးလိုက်ရုံသာမက မဟာမိတ် အသစ်တွေ၊ ပြိုင်ဘက်အသစ်တွေပါ ဖြစ်ပေါ်လာစေတယ်။ ဒီလို မဟာမိတ်အသစ်ဖြစ်သွားတဲ့အနေအထားမှာ အမေရိကန် နယ်ချဲ့သမားက ဒေသတွင်း တရုတ်အာဏာ ကြီးထွားလာတာကို တန်ပြန်ခုခံဖို့ ကြိုးစားခဲ့တယ်။ Gwadar နဲ့ ကီလိုမီတာ တရာလောက်သာဝေးတဲ့ အီရန်က Chabahar မှာ ဆိပ်ကမ်းတခု တည်ဆောက်ဖို့ အိန္ဒိ ယနဲ့ အီရန်ကြားက အပေးအယူကိစ္စကို အမေရိကန် နယ်ချဲ့က အားပေးအားမြှောက်ပြုခဲ့တယ်။ အိန္ဒိယဟာ ပါကစ္စတန် ကို ဖြတ်စရာမလိုဘဲ Chabahar ဆိပ်ကမ်းကနေ အီရန်၊ အာဖဂန်နစ်(စ်)တန် နဲ့ အာရှအလယ်ပိုင်း တိုင်းပြည်တွေရဲ့ ဈေးကွက်တွေကို လက်လှမ်းမီသွားမယ်။ တရုတ်ထိန်းချုပ်ခံ Gwadar ဆိပ်ကမ်းကို တန်ပြန်ထိန်း ကျောင်းထားရာ လည်း ရောက်မယ်။ ဒါပေမယ့် တရုတ် ရင်းနှီးမြှုပ်နှံမှုဟာ အင်အားကြီးမားလွန်းပြီး အကောင်အ ထည်ဖော်နေတာ မြန်လွန်းလို့ ဒေသတွင်းက တခြားပရောဂျက်တွေထက်အရင် Gwadar ဆိပ်ကမ်းက စအလုပ် လုပ်နိုင်မယ်။ ထရမ့် အိမ်ဖြူတော်ကို ရောက်လာတဲ့အခါ အမေရိကန်နဲ့ အီရန်ကြား ဆက်ဆံရေး တင်းမာလာပြန်တယ်။ ဒီတော့ အီရန်ဟာ အမေရိကန်နဲ့ခွာပြီး တရုတ်ဘက် ပိုနီးကပ်လာတယ်။ မကြာသေးခင်က တရုတ် ကာကွယ်ရေးဝန်ကြီးရဲ့ အီရန်ခရီးစဉ်အတွင်း ဒေါ်လာ ဘီလျံနဲ့ချီတဲ့ အပေးအယူအသစ်တွေ လက်မှတ်ရေးထိုးခဲ့တယ်။ ဒီစာချုပ်တွေအရ အီရန်ဟာ ရေငုပ်သင်္ဘောတွေနဲ့ တခြားစစ်လက်နက်ပစ္စည်းတွေ တရုတ်ဆီက ဝယ်ယူလိမ့်မယ်။ အီရန်နဲ့ တရုတ် ကြား မဟာဗျူဟာမြောက် ချည်နှောင်မှုဟာ ပိုအားကောင်းလာတယ်။

အခုဆို ရပ်ရှားနဲ့အတူ အီရန်ကလည်း CPEC ကို အတော်လေး စိတ်ဝင်စားနေတယ်။ ဒီပရောဂျက်ကို ဝင်ပူးပေါင်း လိုကြောင်း ထုတ်ပြောလာတယ်။ ပါကစ္စတန်ကလည်း လက်ကမ်းခေါ်နေတယ်။ အာဖဂန်နစ်(စ်)တန်၊ Kabul မှာ အမေရိကန်နယ်ချဲ့ကျူးကျော်တပ်တွေနဲ့ အမေရိကန် ရုပ်သေးအစိုးရအုပ်ချုပ်နေပေမယ့် ရပ်ရှားရဲ့ သြဇာဟာ လည်း ကြီးထွားလာနေတယ်။ တလောက မော်စကိုမှာ လုပ်သွားတဲ့ အာဖဂန်နစ်(စ်)တန် အကြောင်း နိုင်ငံ့ခေါင်း ဆောင်များ အစည်းအဝေးမှာ ပါကစ္စတန်ကိုလည်း ဖိတ်ခဲ့တယ်၊ အာဖဂန်နစ်(စ်)တန်မှာ အိုင်အက်စ် ကြီးထွားလာ မှုကို တန်ပြန်ခုခံသွားဖို့ ဆွေးနွေးခဲ့ကြတယ်။

အီရန်နဲ့ ရပ်ရှားက အမေရိကန် လက်သပ်မွေးထားတဲ့ အစ်(စ်)လမ်းမစ်(ခ်) အစွန်းရောက်အဖွဲ့တွေကို ဆီးရီးယား မှာ အသေအကြေ တိုက်နေကြပြီ။ အာဖဂန်နစ်(စ်)တန်မှာလည်း အမေရိကန်သြဇာကို တန်ပြန်ခုခံဖို့ တာလီဘန် တွေနဲ့ ပေါင်းဖက်နေကြပြီ။ ပါကစ္စတန် အုပ်စိုးသူ လူတန်းစားကလည်း အာဖဂန်နစ်(စ်)တန်မှာ အိန္ဒိယလက် ကျ ဆင်းသွားတဲ့ သူ့သြဇာကို ပြန်အဖတ်ဆည်ဖို့ ဒီမဟာမိတ်အသစ်အုပ်စုထဲ တိုးဝင်လာတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ အာဖဂန်နစ်(စ်)တန်ကနေ ပါကစ္စတန် လစ်ပြေးရအောင် အမေရိကန်က အိန္ဒိယကို ကူညီထောက်ပံ့ပေးခဲ့တယ်။ အိန္ဒိယက အာဖဂန်နစ်(စ်)တန်မှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံနေတယ်။ ပါကစ္စတန်အစိုးရ စိတ်ပျက်သွားရ လောက်အောင် အိန္ဒိယနဲ့ အာဖဂန်နစ်(စ်)တန်ကြား နှစ်နိုင်ငံ ဆက်ဆံရေးဟာ ခိုင်မာအားကောင်းလာခဲ့တယ်။ ရပ်ရှားနဲ့ အီရန်တို့ဟာ အိန္ဒိယနဲ့ ပြိုင်စရာမရှိပေမယ့် ဒေသတွင်း အမေရိကန်သြဇာကို တန်ပြန်ခုခံနိုင်ရေး ဘုံ သဘောထားရှိတယ်။ ပါကစ္စတန်ကတော့ အမေရိကန်ကို မျက်နှာအပျက်မခံရဲပေမယ့် အိန္ဒိယကို အာဖဂန်နစ်(စ်) တန်ကနေ ကန်ထုတ်ချင်နေတယ်။

ဒီလို အနေအထားမှာ အမေရိကန် နယ်ချဲ့သမားအဖို့ Gulbuddin Hekmatyar နဲ့ လက်တွဲရုံရှိတော့တယ်။ သူ့ကို ပါကစ္စတန်နဲ့ အာဖဂန်နစ်(စ်)တန်မှာ “ကဘူးလ်က သားသတ်သမား” လို့ လူသိများတယ်။ ၂၀၀၁ခုနှစ် အမေရိကန် နယ်ချဲ့ အာဖဂန်နစ်(စ်)တန်ကို ကျူးကျော်ဝင်ရောက်လာကတည်းက ISI ရဲ့ သက်တမ်းရင့် ကြေးစား လူသတ် သမားကို အမေရိကန်တွေ သဘောမတွေ့ခဲ့ကြဘူး။ ဒါပေမယ့် အခုလို အင်အားချိန်ခွင်လျှာ အလှည့်အပြောင်းမှာ ဒီကြေးစား လူသတ်ကောင်ဟာ တကျော့ပြန် နာမည်ကြီးလာပြန်ပြီ။ အာဖဂန်နစ်(စ်)တန်ပြည်တွင်းမှာ တရုတ် စစ်တပ်ရှိတယ်လို့ သံသယဝင်နေကြတယ်။ တရုတ် အစိုးရဘက်ကတော့ ငြင်းဆိုထားတယ်။ Financial Times သတင်းထောက် ချား(လ်စ်) ခလိုဗာက ဖေဖော်ဝါရီ ၂၆ရက်နေ့မှာ ဘေဂျင်းကနေ အခုလို အစီရင်ခံသွားတယ်။

“အာဖဂန်နစ်(စ်)တန် နိုင်ငံမှာ တရုတ်စစ်တပ်ယာဉ်တွေ လှည့်လည်နေတယ်လို့ လောလောလတ်လတ် မြင်တွေ့ ထားကြောင်း ထူးထူးခြားခြား ပြောဆိုမှုဟာ ပြီးခဲ့တဲ့ အပတ်အတွင်း ပိုကျယ်လောင်လာတယ်။ ဘေဂျင်းကတော့ အာဖဂန်နစ်(စ်)တန်မှာ သူ့စစ်တပ်တွေ မရှိဘူးလို့ တွင်တွင်ငြင်းဆိုထားခဲ့တယ်။ ဒါပေမယ့် ကဘူးလ်နဲ့အတူလက် တွဲပြီး အကြမ်းဖက် လုပ်ကြံတိုက်ခိုက်မှု ချေမှုန်းရေး ပူးပေါင်းဆောင်ရွက်နေကြောင်းတော့ အတည်ပြုထား တယ်။”

ဒီအခြေအနေတစုံလုံးဟာ အာဖဂန်နစ်(စ်)တန်တင်မက ဒေသတွင်းမှာပါ သွေးချောင်းစီးမယ့် ရေခံမြေခံကို ပြင် ပေးထားတယ်။

ဒီလိုအနေအထားမှာ တရုတ်က အခြေအနေတရပ်လုံးရဲ့ အဓိက မောင်းနှင်သူအဖြစ် ထွက်ပေါ်လာတယ်။ တ ရုတ်လက်တံဟာ Gwadar တင်မကဘူး၊ သီရိလင်္ကာက Hambantota မှာလည်း ဧရာမ ရေနက်ဆိပ်ကမ်းကြီး တည်ဆောက်ထားတယ်၊ ဘင်္ဂလားဒေ့ရှ်မှာလည်း ဒေါ်လာ ၂၀ ဘီလျံကျော် ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားဖို့ ကြေ ညာထားတယ်။ CPEC လိုပဲ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ စင်္ကြံ(BCIM) တည်ဆောက်သွားဖို့ စိုင်းပြင်း နေတယ်။ ဒါဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းကနေ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကို ကီလိုမီတာပေါင်း ၂၈၀၀ ရှည်လားတဲ့ ကားလမ်း၊ ရထားလမ်း ကွန်ယက်တခုဖြတ်ပြီး အိန္ဒိယက ကိုးလ်ကတ်တားအထိ ချိတ်ဆက်သွားမယ့် ပရောဂျက်တခုဖြစ်တယ်။ တလောကတင် ယူနန်နဲ့ ရှန်ဟိုင်းကို မြန်နှုန်းမြင့် ရထားလမ်း ချိတ်ဆက်လိုက်ပြီ ဖြစ်တယ်။ ဒီလို မဟာဗျူဟာမြောက် အကျိုးစီးပွားတွေကြောင့် တရုတ်ဟာ အိန္ဒိယနဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံ ရေးတွေ တည်ဆောက်ထားဖို့ လိုအပ်တယ်။ တဖက်မှာလည်း အမေရိကန်ဟာ ဒေသတွင်း သြဇာလွှမ်းနိုင်ရေး အတွက် အိန္ဒိယအပေါ် မှီခိုသထက်မှီခိုလာရတယ်။ ဒီလိုအနေအထားမှာ အိန္ဒိယသမုဒ္ဒရာအတွင်းနဲ့ ဟိုဘက်အထိ ပဋိပက္ခအသစ်တွေ ဖြစ်ပေါ်လာတယ်။ အိန္ဒိယ သမုဒ္ဒရာအတွင်းမှာ တရုတ်က အင်အားကြီး နဂါးတကောင်အဖြစ် အမောက်ထောင်လာတယ်။ တရုတ်နဲ့အိန္ဒိယဟာ ရှည်ကြာတဲ့ ပဋိပက္ခသမိုင်းကြောင်း ရှိခဲ့တယ်။ ဟိမဝန္တာ တောင်ခြေက နယ်မြေ အငြင်းပွားမှုကြောင့် ၁၉၆၂ခုနှစ်မှာ စစ်ဖြစ်တဲ့အထိ ပြင်းထန်ခဲ့တယ်။ ဒါပေမယ့် အခုတော့ သူတို့နှစ်နိုင်ငံလုံးဟာ BRICS အဖွဲ့ဝင်တွေဖြစ်နေကြသလို တနှစ်တနှစ် အပြန်အလှန် ကုန်သွယ်မှုကလည်း ဒေါ်လာ (၇ဝ)ဘီလျံကျော်ရှိနေတယ်။ တိုင်းပြည်၂ခုရဲ့ အုပ်စိုးသူ လူတန်းစားတွေဟာ ပဋိပက္ခတွေရှိပေမယ့် သူတို့ ချင်း အပြန်အလှန် အကျိုးပြုမှု ရှိနိုင်ကြောင်း ပြသလိုက်တာပဲ။ အိန္ဒိယ CPEC ထဲ ပါဝင်လာရေး အကြံကို တရုတ် အုပ်စိုးသူ လူတန်းစားက ထောက်ခံတယ်။ ဒါပေမယ့် အိန္ဒိယနဲ့ ပါကစ္စတန် ပဋိပက္ခကြောင့် ဒီအကြံ အထမြောက် ဖို့တော့ မလွယ်ဘူး။

CPEC ကနေ ပါကစ္စတန်အစိုးရအပေါ် တရုတ်အုပ်စိုးသူလူတန်းစားရဲ့ အာဏာ ပိုကြီးလာတယ်။ ပါကစ္စတန် အုပ်စိုးသူလူတန်းစားက တရုတ်အုပ်စိုးသူလူတန်းစားအပေါ် အကြွေးတင်နေပြီ။ ဒီသြဇာအာဏာကို အခြေပြုပြီး တရုတ်ဟာ ပါကစ္စတန် အိန္ဒိယ ပဋိပက္ခမှာ အဓိက ဇာတ်ကောင် ဖြစ်လာတယ်။ အိန္ဒိယနိုင်ငံရေး သုံးသပ်သူတွေက ဒီအခြေအနေကို စိုးရိမ်နေကြတယ်၊ CPEC ကြောင့် တရုတ်ဟာ ကက်ရှ်မီးယားပြသနာမှာ အဓိက အခန်းကဏ္ဍက ပါဝင်လာတယ်လို့ မှတ်ချက်ပြုထားကြတယ်။

တရုတ်အရင်းရှင်နယ်ချဲ့စနစ်

ပါကစ္စတန်က ပညာတတ်တွေ၊ လေ့လာသုံးသပ်သူတွေ (လက်ဝဲကော၊ လက်ယာကော) က တရုတ်ရင်းနှီးမြှုပ်နှံ မှုကို ကောင်းချီးသြဘာပေးနေကြတယ်။ တိုင်းပြည်ကြီး ရွာမိုးငွေမိုးရွာတော့မယောင် ခန့်မှန်းနေကြရဲ့။ တဖက် မှာလည်း အမျိုးသားရေးဝါဒီတွေက သူတို့ဒေသမှာ ကားလမ်းတွေ၊ ရထားလမ်းတွေမဖောက်လုပ်ပဲ တခြားလူမျိုး တွေ နေထိုင်ရာဒေသတွေမှာပဲ ရင်းနှီးမြှုပ်နှံနေလို့ တရုတ်အရင်းရှင်နယ်ချဲ့ကို ဆန္ဒပြနေကြတယ်။ သူတို့ဒေသ တော့ မွဲမြဲမွဲနေတော့မှာပဲလို့ အမျိုးသားရေးဝါဒီတွေက ပြောဆိုနေကြတယ်။ ဒီလို ပြောဆိုနေတာဟာ တရုတ် နယ်ချဲ့ ပရောဂျက်ဟာ သူတို့အတွက် ကြွယ်ဝချမ်းသာမှုတွေ၊ ပျားရည်နဲ့ နွားနို့တွေ အလျှံပယ် စီးဆင်းလာစေမယ် ဆိုတဲ့ အောက်ခံအယူအဆကြောင့်ပဲ။

တကယ်တော့ ဒါဟာ ဂျင်းအကြီးစားပဲ။ ဆင်းရဲမွဲတေမှုကို လျှော့ချပေးမှာတော့ မဟုတ်ဘူး။ နင်းပြားလူထုကို ပိုပြီး သွေးစုပ်လိမ့်မယ်၊ ဒုက္ခပေါင်းစုံကို ယူငင်လာလိမ့်မယ်။ ဧရာမ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အခြေခံအဆောက်အဦ ပရော ဂျက်တွေက အရင်းရှင်စနစ်အတွင်း ဖြစ်နေတဲ့ ဒုက္ခပေါင်းစုံ၊ ဆင်းရဲမွဲတေမှု ဘဝအဖုံဖုံကို လျော့ပါးသက်သာ အောင် လုပ်ပေးနိုင်မယ်ဆိုရင် တရုတ်ပြည်မှာ ဆင်းရဲသားရယ်လို့ ရှိမှာမဟုတ်တော့ဘူး။ ကမ္ဘာတလွှားက အရင်းရှင် ကုမ္ပဏီတွေဟာ ဒေါ်လာတွေ ဘီလျံနဲ့ချီပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ခဲ့ကြတယ်၊ တရုတ်စီးပွားရေးဟာ လည်း နှစ်အတော်ကြာ ၁၀%အထက် တိုးတက်နေခဲ့တယ်။ ဒါပေမယ့်လည်း သန်းပေါင်းများစွာသော လူထုဟာ ဖွတ်ကျောပြာစုဘဝမှာ အသက်ရှင်နေရတယ်၊ တရုတ် ဆင်းရဲသား လူထုကြီးဟာ တနေ့ ထမင်းတနပ်စားနိုင်ဖို့ ရေကုန်ရေခမ်း ရုန်းကန်နေကြရတယ်။ ဒီဧရာမ ရင်းနှီးမြှုပ်နှံမှုကြီးတွေက တရုတ်လူထုကို ဖွတ်ကျောပြာစုဘဝ က မကယ်နိုင်ရင် ပါကစ္စတန်မှာ ဘယ်လိုလုပ် ချမ်းသာကြွယ်ဝလာစေနိုင်မလဲ။ အရင်းရှင် စနစ်အောက်က ရင်းနှီး မြှုပ်နှံမှု အားလုံးဟာ အရင်းအမြစ်တွေကို တလွဲအသုံးချပြီး အမြတ်အစွန်းတွေ အလွန်အကျွံ ထုတ်ယူရေးအတွက် သာ ဖြစ်တယ်။

CPEC ဟာ အလုပ်အကိုင်အသစ်တွေ ဖန်တီးပေးမှာတော့ မဟုတ်ဘူး၊ တရုတ်အရင်းရှင်တွေနဲ့ ယှဉ်နိုင်စွမ်းမရှိတဲ့ စက်မှုလုပ်ငန်းတွေ ထောင်နဲ့ချီ ပိတ်သိမ်းလိုက်ရမှာတော့ သေချာနေပြီ။ CPEC လမ်းကြောင်းတလျှောက် စက်ရုံ အသစ်တွေ ဆောက်သွားမှာပါလို့ အုပ်စိုးသူလူတန်းစားက မစားရဝခမန်း ပြောနေတယ်။ ဒီလို ပြောဆိုမှုတွေဟာ လက်တွေ့မပါတဲ့ လေထဲက တိုက်အိမ်စိတ်ကူးသက်သက်ပဲ။ လဟိုးကနေ အစ်(စ်)လမ်မဘက်(ဒ်)ကို အင်မတန် ကြီးကျယ်တဲ့ အမြန်လမ်းမကြီးတွေဆောက်ဖို့ ရူပီးဘီလျံပေါင်းများစွာ လွန်ခဲ့တဲ့ နှစ်၂ဝတုန်းက သုံးခဲ့တယ်။ အဲဒီတုန်းကလည်း ဒီလမ်းမကြီးတွေ ဖောက်လိုက်ရင် ချမ်းသာကြွယ်ဝလာမယ်၊ စက်မှုထွန်းကားလာမယ်လို့ လေကတိတွေပေးခဲ့တာ ဒီအုပ်စိုးသူ လူတန်းစားပဲ မဟုတ်လား။ ဒါပေမယ့် ဒီအမြန်လမ်းမကြီးတွေ ဆောက်လို့ လည်း ပြီးကော စက်ရုံအသစ်တွေတော့ ပေါ်မလာဘူး၊ အနီးအနားက ရှိပြီးသားစက်ရုံတွေသာ ပိတ်လိုက်ရတယ်။ ဆင်းရဲမှုအပေါင်း ထပ်ဆောင်းလာတာတော့ အမှန်ပဲ။ အခုနေ ဒီလမ်းမကြီးတွေပေါ်က ဆင်းပြီး လမ်းမကြီးတွေ ဖြတ်သန်းရာ လမ်းတလျှောက်က ရွာတွေကို လေ့လာကြည့်မယ်ဆိုရင် ဒေသခံလူထုဟာ နှစ် ထောင်ပေါင်းများစွာ ကြာလာပြီဖြစ်တဲ့ လှည်းတွေ၊ ထွန်တွေ၊ ထယ်တွေသုံးပြီး အသက်ဆက်နေရသေးတဲ့ ဘဝ အနေအထားကို မျက်မြင်တွေ့ရလိမ့်မယ်။ အလားတူပဲ၊ အခု တရုတ်နယ်ချဲ့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာလည်း ကျန်းမာရေး စောင့်ရှောက်မှု မရှိ၊ လျှပ်စစ်နဲ့ ပညာရေး မရရှိဘဲ နင်းပြားဘဝမှာ ရှင်သန်နေကြတဲ့ သန်းပေါင်းများစွာသော လူထုအဖို့ ဘာမှ တိုးတက် ပြောင်းလဲသွားစေမှာ မဟုတ်ဘူး။ သွေးစုပ်ခံလူထုရဲ့ ဒုက္ခအဖုံဖုံသာ နက်ရှိုင်းလာလိမ့် မယ်။ အုပ်စိုးသူ လူတန်းစားကတော့ လူ့အဖွဲ့အစည်းပိုင် အရင်းအမြစ်တွေ ထုတ်ရောင်းပြီး ကြွယ်ဝ ချမ်းသာသွား မယ်။

တချို့က ဒီအခြေအနေကို ၁၈ရာစုတုန်းက အိန္ဒိယကို ဗြိတန်မသိမ်းခင် အရှေ့အိန္ဒိယ ကုမ္ပဏီရဲ့ သွေးစုပ်ခြယ် လှယ်မှုနဲ့ နိုင်းယှဉ် ကြည့်နေကြတယ်။ ဗြိတိန်နယ်ချဲ့သမားဟာ ဒီဒေသမှာ လက္ခဏာ ၂ရပ်ဆောင်ခဲ့တယ်။ ကိုလိုနီ တိုင်းပြည်တွေက သယံဇာတ အရင်းအမြစ်တွေကို ခြယ်လှယ်အမြတ်ထုတ်ပြီး အလျှံပယ်ကြွယ်ဝခဲ့ကြသလို ခေတ်သစ် အခြေခံ အဆောက်အဦတွေလည်း ဆောက်ခဲ့ကြရတယ်။ ဒီလို လုပ်နိုင်အောင် အာရှ သက်ဦးဆံပိုင် စနစ်ဆိုးကို ဖျက်သိမ်းခဲ့ရတယ်၊ ရှေးဦး ကုန်ထုတ်စနစ်ဟောင်းကို ဖျက်သိမ်းပြီး အရင်းရှင်ကုန်ထုတ်စနစ်ကို အစ ပျိုးပေးခဲ့ရတယ်။ အရင်းရှင် ကုန်ထုတ်စနစ်ကို စတင်အသက်သွင်းလိုက်ခြင်းဟာ သမိုင်းဘီးကို သွက်သွက် မောင်း နှင်ပေးခဲ့တယ်။ ၁၈၅ဝခုနှစ်တွေက ဒီဒေသတွင်း ဗြိတိန်နယ်ချဲ့ တည်ဆောက်ခဲ့တဲ့ ရထားလမ်းတွေဟာ အဲဒီခေတ် အဲဒီကာလမှာ ကမ္ဘာ့အဆင့်မှီ လမ်းကြောင်းတွေဖြစ်ခဲ့တယ်။ မီးရထားလမ်းတွေနဲ့အတူ ဒီလမ်းတွေ လည်ပတ်နိုင် အောင် သက်ဆိုင်ရာ စက်ရုံတွေလည်း ပေါ်ထွန်းလာခဲ့တယ်။ ဒီလိုနဲ့ အိန္ဒိယမှာ ပစ္စည်းမဲ့လူတန်းစား စတင်မွေးဖွား ခဲ့တယ်။ အရင်းရှင်စနစ် စတင်အသက်သွင်းလိုက်ခြင်းနဲ့အတူ အရင်းရှင်စနစ်ကို မြေမြှုပ်သင်္ဂြိုဟ်ပေးမယ့် ပစ္စည်းမဲ့ လူတန်းစားကိုပါ တပါတည်း မွေးဖွားပေးခဲ့တယ်။ ဖွံ့ဖြိုးမှု အားမကောင်းခဲ့ပေမယ့်၊ ဗြိတိန် နယ်ချဲ့ရဲ့ ရက်ရက် စက်စက်ဖိနှိပ်မှုနဲ့အတူ ဒေသအတွင်း ဖျက်စီးမှုတွေလည်း ရှိခဲ့ပေမယ့် အဲဒီကာလမှာတော့ အတိုင်းအတာတခုထိ တိုးတက်တဲ့ လက္ခဏာဆောင်ခဲ့တယ်။ ဒီအချက်ကို အိန္ဒိယအကြောင်း မာ့ခ်စ်ရဲ့ စူးရှ ထက်မြက်လှတဲ့ ရေးသား ချက်တွေမှာ အထင်အရှားတွေ့ရမယ်။

ဒါပေမယ့် ဒီကနေ့ တရုတ်နယ်ချဲ့ရဲ့ ရင်းနှီးမြှုပ်နှံမှုကို ၁၉ရာစု ဗြိတန် နယ်ချဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ သွားယှဉ်လို့မရ နိုင်ဘူး၊ တရုတ်နယ်ချဲ့စနစ်ကို ဗြိတိန်နယ်ချဲ့စနစ်နဲ့ နှိုင်းယှဉ်လို့ မရနိုင်ဘူး။ ၁၉၄၇ ခုနှစ်၊ ပါကစ္စတန်ရယ်လို့ ခွဲ ထူထောင်ချိန်ကတည်းက ဒီတိုင်းပြည်ရဲ့ ကြွယ်ဝချမ်းသာမှုတွေကို လုယက်မောင်ပိုင်စီးထားခဲ့ပြီး သန်း ၂၀၀ သော လူထုကို အကြွေးနွံထဲ ဆွဲနှစ်ထားတဲ့ အမေရိကန် နယ်ချဲ့စနစ်နဲ့တောင် နှိုင်းယှဉ်လို့ မရနိုင်ဘူး။ တရုတ် နယ်ချဲ့ဟာ ဗြိတိန်အရှေ့အိန္ဒိယ ကုမ္ပဏီ၊ အမေရိကန် ကျောထောက်နောက်ခံပြု ဘဏ်တွေ၊ ဘဏ္ဍာရေး အဖွဲ့အစည်းတွေ ထက် ပိုပြီး ရင်းနှီးမြှုပ်နှံနေပေမယ့် စရိုက်လက္ခဏာချင်း လုံးဝခြားနားတယ်။

အကြောင်းက -

တရုတ် အရင်းရှင် နယ်ချဲ့စနစ်ဟာ အရင်းရှင်စနစ် ကမ္ဘာနဲ့အဝှမ်း အပြင်းအထန် အကြပ်အတည်းဆိုက်နေချိန်မှာ ထွက်ပေါ်လာခြင်းဖြစ်တယ်။ အရင်းရှင်စနစ် အညွန့်တလူလူ တက်နေချိန် နယ်ချဲ့ ဖြစ်လာတာမဟုတ်ဘူး။ တ ရုတ် အုပ်စိုးသူ လူတန်းစားက ဗိုလ်ကျကြီးစိုးဖို့ တည်ဆောက်နေတဲ့ ဘဏ်တွေ၊ တခြားအင်စတီကျူးရှင်းတွေဟာ စတင်မွေးဖွားချိန်ကတည်းက အရင်းရှင်စနစ် အပြင်းအထန် အကြပ်အတည်းဆိုက်နေတာနဲ့ ပက်ပင်းတိုးခဲ့ရ တယ်။ IMF တို့ ကမ္ဘာ့ဘဏ်တို့ကို စတင်ထူထောင်ချိန်နဲ့ ယှဉ်ကြည့်ပါ။ အဲဒီချိန်မှာ အရင်းရှင်စနစ်ဟာ အညွန့်တ လူလူ ပြန်တက်လာနေတယ်။ အမေရိကန် နယ်ချဲ့အဖို့ ငွေဝင်လမ်းသစ်တွေ တံခါးပွင့်နေချိန်လည်းဖြစ်တယ်။ ဒီလို အရင်းရှင်စနစ် အကြပ်ဆိုက်နေချိန် ပေါ်ထွက်လာတဲ့ တရုတ်နယ်ချဲ့စနစ်ဟာ ဘူဇွှာ တော်လှန်ရေးတရပ်ကနေ ပေါက်ဖွားလာတာ မဟုတ်ပြန်ဘူး။ စီမံကိန်း စီးပွားရေးစနစ် တစတစ ဖြိုဖျက်ခံလိုက်ရတဲ့ တန်ပြန်တော်လှန် ရေးကနေ ပေါက်ဖွားလာရခြင်းသာဖြစ်တယ်။ တရုတ်မှာ အရင်းရှင်စနစ် အသက်သွင်းလိုက်ခြင်းဟာ ရှေ့ကို တိုးတက်သွားတာ မဟုတ်ဘူး။ ၁၉၄၉ တော်လှန်ရေးအပြီး ထူထောင်ထားနိုင်ခဲ့တဲ့ စီမံကိန်း စီးပွားရေးစနစ်ကနေ နောက်ကို အများကြီး ပြန်ခေါက်သွားခြင်းသာဖြစ်တယ်။ ဒီစီမံကိန်း စီးပွားရေးစနစ်ကို ထိပ်ပိုင်းက ဗျူရိုကရက် အလွှာက လည်မြိုညစ်ထားခဲ့တာ မှန်ပေမယ့် လူ့အဖွဲ့အစည်း တရပ်လုံးအနေနဲ့ ကြည့်ရင် တော်လှန်ပြောင်းလဲမှု တွေ လုပ်နိုင်ခဲ့တယ်။ အလုပ်အကိုင်တွေ ပေါများခဲ့တယ်။ သန်းပေါင်းများစွာသော တရုတ်လူထုဘဝ မြင့်တက် လာခဲ့တယ်။ ဒါပေမယ့် ဒီကနေ့အချိန်မှာ တရုတ်အရင်းရှင်စနစ်ဟာ တော်လှန်ရေး အသီးအပွင့်တွေ အားလုံးကို ဖျက်စီးပစ်လိုက်ပြီ။ လူ့အဖွဲ့အစည်းကို တဟုန်ထိုး နောက်ပြန်ဆုတ်သွားစေတယ်။

ဒီအခြေအနေကို ထည့်သွင်းစဉ်းစားကြည့်ရင် တရုတ်နယ်ချဲ့ရင်းနှီးမြှုပ်နှံမှုဟာ ပါကစ္စတန်လူထုအတွက် ဘာ တိုး တက်မှုကိုမှ ဆောင်ကျဉ်းမပေးနိုင်ဘူးဆိုတာ သဘောပေါက်နို်င်တယ်။ သွေးစုပ်ခြယ်လှယ်မှုတွေ၊ ဒုက္ခတွေသာ တနင့်တပိုးခံလာရမယ်။ ပစ္စည်းမဲ့ လူတန်းစားအသစ် ထပ်မွေးဖွားပေးတော့မှာ မဟုတ်သလို ရှိပြီးသား ပစ္စည်းမဲ့ လူတန်းစားကိုလည်း ပိုအားကောင်းလာစေမှာ မဟုတ်ဘူး။ ရာစုနှစ်တခုကျော် တည်ဆောက်လာခဲ့တဲ့ ကုန်ထုတ် စွမ်းအားစုတွေနဲ့ ပစ္စည်းမဲ့ လူတန်းစားကို ဖျက်စီးပစ်လိမ့်မယ်။ ဒါ့အပြင် အကျင့်ပျက်ခြစားမှုတွေ ဒင်းကြမ်း ပြည့်နေလို့ အဆုံးမှာ ပရောဂျက် အနည်းအကျည်းလောက်ပဲ အရာထင်လိမ့်မယ်။ ပရောဂျက်အများစုဟာ ခေတ်မမီတော့တဲ့ သက်တမ်းကုန် တရုတ်စက်ယန္တယားတွေ မြေမြှုပ်ရာအရပ်သာ ဖြစ်တယ်။ ဆောက်ထားတဲ့ ကားလမ်းတွေ၊ ရထားလမ်းတွေရဲ့ အရည်အသွေးကလည်း မေးခွန်းထုတ်စရာ။ ကန်ထရိုက်အရင်းရှင်တွေရဲ့ အ ကျင့်ပျက်ခြစားမှုတွေကြောင့် ဒီလမ်းတွေ ဖောက်လုပ်ပြီးစီးသွားရင် ကောင်းနိုင်ချေ သိပ်မရှိလှဘူး။

နောက်ထပ် အရေးကြီးပြသနာက ဒီပရောဂျက်တွေ တကယ် ပြီးပါမလား ဆိုတာပဲ။ ကမ္ဘာတလွှား တရုတ်နယ်ချဲ့ ကြေညာထားတဲ့ ပရောဂျက်အများစု ပြီးစီးသွားတာ မရှိဘူး။ အာဖရိက ကနေ လက်တင်အမေရိကအထိ ကား လမ်း၊ ရထားလမ်းပေါင်းများစွာ ဆောက်လုပ်ဖို့ ကြေညာထားပေမယ့် တခုတလေသာ တကယ်ပြီးသွားတယ်။ အများစုက စက္ကူပေါ်တင် ပြီးနေရတယ်။ တရုတ်အရင်းရှင်စီးပွားရေးအကြပ်ဆိုက်နေတာရယ်၊ ဖွံ့ဖြိုးမှုနှေးကွေး နေတာရယ်၊ ကမ္ဘာ့စီးပွားရေး အကြပ်ဆိုက်နေတာရယ် ပေါင်းလိုက်တော့ ဒီပရောဂျက်တွေရဲ့ အနာဂတ်က မရေ မရာ။ ကမ္ဘာ့စီးပွားရေးဖြစ်စေ၊ တရုတ်စီးပွားရေးဖြစ်စေ ကြီးကြီးမားမား အကြပ်ဆိုက်လိုက်ရင် ဒီရင်းနှီးမြှုပ်နှံမှု အားလုံး အပြီးတိုင် ရပ်ဆိုင်းသွားလိမ့်မယ်၊ ဒီနောက် နယ်ချဲ့ ပရောဂျက်တခုလုံး မြောင်းထဲ ရောက်သွားမယ်။

နိုင်ငံရေးသက်ရောက်ချက်များ

ဒေသတွင်း အင်အားချိန်ခွင်လျှာ ပြောင်းလဲသွားရုံမက၊ တရုတ် နယ်ချဲ့ စီမံကိန်းကြီးကြောင့် ပါကစ္စတန် အစိုးရ အတွင်း၊ ပါကစ္စတန်လူ့အဖွဲ့အစည်းအတွင်း ပဋိပက္ခတွေ ပိုနက်ရှိုင်းလာတယ်။ ပါကစ္စတန်လူထုဟာ ဖွတ်ကျော ပြာစု ဘဝနဲ့ အောက်ကျနောက်ကျ ရှင်သန်နေကြရတဲ့ ငမွဲတိုင်းပြည်ဖြစ်နေပြီးသား။ အုပ်စိုးသူလူတန်းစားက တော့ တိုင်းပြည်သယံဇာတ အရင်းအမြစ်တွေကို ထင်သလို ခြယ်လှယ်အမြတ်ထုတ်ရာက အဆီအစ်နေတယ်။ ဒီလိုနည်းနဲ့ရလာတဲ့ ကြွယ်ဝချမ်းသာမှုတွေကို ဥရောပနဲ့ အမေရိကမှာ လုံလုံခြုံခြုံ သိုဝှက်ထားကြတယ်။ ပါကစ္စ တန်အစိုးရဟာ ကမ္ဘာတလွှားက အစ်(စ်)လမ်းမစ်(ခ်) အစွန်းရောက်အဖွဲ့အစည်းတွေ၊ အကြမ်းဖက် ဗုံးခွဲလုပ်ကြံ ရေးသမားတွေကနေ ဘိန်းကူးခြင်းအထိ စပွန်ဆာပေးတာ၊ မွေးမြူတာတွေ လုပ်နေတယ်။ ပြောရရင် ပါကစ္စတန် အစိုးရအာဏာပိုင် တော်တော်များများဟာ တရားမဝင် စီးပွားရေးအားလုံးမှာ ပါဝင်ပတ်သက်နေကြတယ်။ ဒါပေ မယ့် အချိန်ကြာလာတော့ အစိုးရနဲ့ သင်းတို့မွေးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ တလမ်းစီဖြစ်လာကြတယ်။ တိုင်းပြည်ရဲ့ အရင်းအမြစ်တွေ သူ့ထက်ငါ မောင်ပိုင်စီးနိုင်ရေး စစ်ဖြစ်နေကြတယ်။ ပါကစ္စတန်အစိုးရဟာ သူတို့ အချင်းချင်းကို စစ်ခင်းနေကြတယ်၊ အစိုးရအာဏာပိုင်တွေဟာ ကိုယ့်ဂိုဏ်းနဲ့ကို်ယ်စုဖွဲ့ပြီး အုပ်စုချင်း ဆော်နေကြ တယ်၊ ဆီဦးထောပတ်ဝေစုများများရရေး ဂိုဏ်းဖွဲ့တွယ်နေကြတယ်။ အရပ်ဖက်အုပ်စိုးသူတွေနဲ့ စစ်ဖက်အုပ်စိုးသူ တွေကြား ပဋိပက္ခ၊ တည်ဆဲစနစ်အတွင်းက နိုင်ငံရေးပါတီအမျိုးမျိုးကြားက ပဋိပက္ခ၊ လက်နက်ကိုင်အဖွဲ့တွေနဲ့ သူလျှိုအေဂျန်စီတွေကြားက ပဋိပက္ခတွေဟာ တနေ့ထက်တနေ့ ပိုနက်ရှိုင်းလာတယ်။ ဒီဧရာမ ရင်းနှီးမြှုပ်နှံမှု ကြီးကနေ အစိုးရအာဏာပိုင် ဂိုဏ်းအသီးသီးက သူ့ထက်ငါ ဝေစုများများရရေး အားခဲနေကြတယ်။ အုပ်စိုးသူ လူတန်းစားအချင်းချင်းကြား အကြိတ်အနယ် ဆော်နေကြတယ်။

အစောပိုင်း အပေးအယူကို တရုတ်သမ္မတ ရှီကျင်းဖင်နဲ့ ပါကစ္စတန်ဝန်ကြီးချုပ် နဝက်(ဇ်) ရှရစ်(ဖ်) တို့က အ တော်လေး သဘောခွေ့ခဲ့ကြတယ်။ ရှရစ်ဖ်နာမည်က ပနားမား ပေါက်ကြားမှုမှာ ပွင့်ကျထားတယ်။ သူနဲ့ သူ့မိ သားစုဟာ အရင်တချီ အာဏာရစဉ်တုန်းက ဒေါ်လာတွေ ဘီလျံပေါင်းများစွာ လာဘ်စားထားကြောင်း ပေါ်သွား ခဲ့တယ်။ အခုတချီ အပေးအယူမှာလည်း လာဘ်ပေးလာဘ်ယူတွေ၊ ကော်မရှင်ကြီးတွေ တနင့်တပိုးယူထားတာ တွေ ရှိနေတယ်။ ဒီလိုကိစ္စတွေမှာ တရုတ်အုပ်စိုးသူတွေက ကမ္ဘာမှာ နာမည်ဆိုးနဲ့ ကျော်ကြားတယ် မဟုတ်ပါ လား။ ရှရစ်ဖ်က နာမည်ပျက်ထွက်လာတော့ တခြားအစိုးရအာဏာပိုင်တွေက သူတို့လည်း ဝေစုများများရ အောင် ရှရစ်ဖ်ကို ပိုဖိအားပေးလာကြတယ်။ ဗဟိုအဆင့်မှာ အာဏာမရပေမယ့် ပြည်နယ်အဆင့်မှာ အစိုးရအာ ဏာရထားတဲ့ တခြား နိုင်ငံရေးပါတီတွေက ဒီပရောဂျက်ရဲ့ အလွဲအမှားတွေကို စောဒကတက်နေကြတယ်၊ အပေး အယူစာချုပ်တွေကို ပွင့်ပွင့်လင်းလင်း ချပြဖို့လည်း ပြောဆိုလာကြတယ်။ ဒါပေမယ့် အခုဆို တရုတ်နယ်ချဲ့က ဒီပြည်နယ်အစိုးရတွေနဲ့ အခြေခံအဆောက်အဦ ပရောဂျက်တွေ စာချုပ်ချုပ်ဆိုလိုက်ပြီ။ ဒီတော့ ပြည်နယ် အာဏာ ပိုင်တွေလည်း စိတ်ကျေနပ်သွားကြပုံပေါ်တယ်။ တရုတ်ပေါက်ဖော်ကြီးရယ်လို့ ထောပနာပြုလာကြတယ်။ အမျိုးသားရေးဝါဒီတွေကတော့ ပန်ဂျာပီ အုပ်စိုးသူလူတန်းစားက ရန်ပုံငွေတွေကို သူတို့ပြည်နယ်တွေဆီပဲ ယူသွား တယ်၊ ငါတို့ဆီတော့ ဘာမှမကျန်တော့ဘူးလို့ အော်နေကြတယ်။ CPEC ရဲ့ လမ်းကြောင်းကြီး ၂သွယ်ထဲက ပန်ဂျပ်ပြည်နယ်ကို ဖြတ်သွားတဲ့ အရှေ့ပိုင်း လမ်းကြောင်းကြီးကိုတော့ မြန်မြန်ဆန်ဆန် တည်ဆောက် ကြပေမယ့်၊ တခြားပြည်နယ်တွေကို ဖြတ်သွားတဲ့ အနောက်ပိုင်း လမ်းကြောင်းကြီးကိုတော့ ဟုတ်တိပတ်တိ အကောင်အထည် မဖော်ဘူးလို့ အမျိုးသားရေးဝါဒီတွေက အော်နေကြတယ်။ ဒါပေမယ့် အခုတော့ ဒီစိုးရိမ်ချက်တွေ ပြေလည်သွားပြီ ထင်တယ်။ ပရောဂျက် လမ်းမကြီး လုံခြုံရေး စိတ်ပူနေကြတဲ့ စစ်ဗိုလ်ချုပ်တွေလည်း လုံခြုံရေးအတွက် လက်နက် ကိုင် တပ်အသစ်တွေ တိုးချထားလိုက်လို့ ကျေနပ်နေပုံရတယ်။ ဒါပေမယ့်လည်း ပဋိပက္ခအသစ်တွေ တိုးပွားရင်း တိုးပွားနေတယ်။

အကြီးမားဆုံး ပြသနာက ပါကစ္စတန် အစိုးရဆီကနေ သီးခြားလွတ်လပ်ရေး တိုက်ပွဲဆင်နေတဲ့ Balochi အမျိုး သားရေးဝါဒီတွေပဲ။ Balochistan ပြည်နယ်က သယံဇာတ အရင်းအမြစ်တွေကို ပါကစ္စတန် အုပ်စိုးသူတွေနဲ့ တ ရုတ် အုပ်စိုးသူ လူတန်းစားက ထင်သလို ခြယ်လှယ်သွေးစုပ်နေတဲ့ ပြသနာအစစ်အမှန်ကို သူတို့ ထောက်ပြကြ တယ်။ Balochistan ပြည်နယ်က သယံဇာတ အရင်းအမြစ်တွေကို ထင်သလို ခြယ်လှယ်သွေးစုပ်နေလို့ အုပ်စိုးသူ လူတန်းစားတွေပဲ ချမ်းသာပြီးရင်း ချမ်းသာသွားပေမယ့် ဒီဒေသခံ လူထုကတော့ ဒုက္ခပေါင်းစုံကိုသာ ပိုခံလာ ရတယ်။ ဒီနယ်ချဲ့ပရောဂျက်ကြောင့် ဒေသတွင်း လူဦးရေ ဖွဲ့စည်းတည်ဆောက်မှု အပြောင်းအလဲတွေ ဖြစ်ကုန် မှာလည်း သူတို့စိုးရိမ်နေကြတယ်။ Gwadar နဲ့ တခြားဆက်စပ် ပရောဂျက်တွေဆီ လူမျိုးစုံ လာရောက် အလုပ် လုပ် ကြတယ်။ ဒီတော့ ကြာလာရင် Balochis တွေက သူတို့ မိခင်မြေမှာတင် လူနည်းစု ဖြစ်သွားမှာ ကြောက်နေ ကြတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ အတွင်း ဒေသခံလူထု အခွင့်အရေးတွေ ကာကွယ်ပေးဖို့ ပျက်ကွက်ခဲ့တဲ့ ပါကစ္စတန် အစိုးရက သူတို့ အခွင့်အရေးတွေ ကာကွယ်ပေးဖို့ လိုလားနေကြတယ်။ တချို့အမျိုးသားရေး ခေါင်းဆောင်တွေကို အစိုးရက ဝယ်လိုက်တယ်၊ သူတို့ဟာ Quetta နဲ့ အစ်စ်လမ်မဘက်ဒ်မှာ ညွန့်ပေါင်း အစိုးရ အဖွဲ့ဝင်တွေ ဖြစ်လာကြတယ်။ ကျန်နေသေးတဲ့ အမျိုးသားရေး ခေါင်းဆောင်တွေကတော့ နောက်အစိုးရ လက်ထက်မှာ သူတို့ အလှည့်ကို စောင့်နေကြလေရဲ့။ အစိုးရစစ်တပ်ကို ပြောက်ကျားစစ် ဆင်နွှဲနေသူတွေကို ဒရစပ် စစ်ဆင်ရေးတွေနဲ့ ချေမှုန်းခဲ့တယ်။ ဒါမှမဟုတ် အစိုးရနဲ့ အပေးအယူလုပ်ပြီး လွတ်မြောက်ရေးတိုက်ပွဲကို သစ္စာ ဖောက်သွား ကြတာလည်း ရှိတယ်။ တချို့ကတော့ တရုတ်နယ်ချဲ့ ကျောထောက်နောက်ခံပြု ပါကစ္စတန်အစိုးရ ဖိနှိပ်မှုတွေကို ဆန့်ကျင်တိုက်ပွဲဝင်ရာမှာ အမေရိကန်၊ အိန္ဒိယနဲ့ တခြားနယ်ချဲ့ပါဝါရဲ့ အကူအညီကို တောင်းခံ နေကြ တယ်။ ဒီဖြစ်စဉ်မှာ တရားမမျှတမှုနဲ့ ဖိနှိပ်မှုတွေကို ဆန့်ကျင်တိုက်ပွဲဝင်နေကြတဲ့ ရဲစွမ်းသတ္တိပြည့် လူငယ်ရဲ ဘော်ပေါင်းများစွာရဲ့ ဘဝတွေ စတေးလိုက်ရတယ်။ ဒီလို ဘဝတွေ စတေးနေရပေမယ့် ပြောက်ကျားစစ် နည်း လမ်း အမှားတွေနဲ့ ပုပ်သိုးဆွေးမြေ့နေတဲ့ အမျိုးသားရေး ဝါဒရယ်ကြောင့် အစိုးရချေမှုန်းတာ ခံရတာရှိသလို အမျိုး သားရေး အဖွဲ့တွေကြား သွေးချောင်းစီးတိုက်ပွဲတွေကြောင့် ကြေမွသွားတဲ့ ဘဝတွေလည်းရှိတယ်။

အမျိုးသားရေး တိုက်ပွဲအပြင် ဘာသာရေး အစွန်းရောက်အဖွဲ့တွေကလည်း Balochistan နဲ့ တနိုင်ငံလုံးမှာ အခြေ စိုက်ထားတယ်။ Baloch ဒေသဟာ ရာစုနှစ်ပေါင်းများစွာ ဘာသာရေးနဲ့ နိုင်ငံတော်မရောယှက်ဘဲ တည်ရှိလာတဲ့ လူ့အဖွဲ့အစည်း တခုလို ဖြစ်ခဲ့ပေမယ့် အခုတော့ အစ်စ်လမ်းမစ်ခ် အစွန်းရောက်ဝါဒ အဆိပ်တွေ အတော် ပျံ့နေပြီ။ Balochistan မှာ အီရန်သြဇာကို တန်ပြန်တိုက်ဖျက်ဖို့ ဆောင်းဒီ အရေးဘီးယက ဘာသာရေးအစွန်းရောက် အဖွဲ့အစည်းတွေကို ငွေတွေပုံအောပေးနေတယ်။ တဖန် အီရန် မွတ်လ အစိုးရကလည်း ဆောင်းဒီကို တန်ပြန်ဖို့ရာ သူ့သြဇာခံ အကြမ်းဖက် လုပ်ကြံရေးအဖွဲ့တွေကို စပွန်ဆာပေးနေပြန်တယ်။ ရာစုနှစ်ပေါင်းများစွာကြာ ဖြစ်တည် လာတဲ့ လူမျိုးစုပဋိပက္ခတွေအပြင် အခုလို ပဋိပက္ခအသစ်တွေအားလုံး ထပ်ဆောင်းလိုက်တော့ အခြေအနေဟာ ဆိုးပြီးရင်းဆိုးလာတော့တယ်။

Balochistan အပြင် CPEC နယ်ချဲ့ပရောဂျက်ဒဏ် ဆိုးဆိုးဝါးဝါး ခံနေရတာကတော့ တရုတ်နယ်စပ်က Gilgit Baltistan ဒေသပဲ။ အဲဒီဒေသက လူထုဟာ ဒီပရောဂျက်ရဲ့ သဘာဝပတ်ဝန်းကျင် ဖျက်စီးမှုဒဏ်ကို အတော်လေး ခံနေရပြီ။ ပါကစ္စတန် အစိုးရနဲ့ တရုတ်အစိုးရတို့ရဲ့ ရက်ရက်စက်စက် သွေးစုပ်ခြယ်လှယ်မှုကို ဒေသခံ လူထုက ဆန့်ကျင် ဆန္ဒပြခဲ့ကြတယ်၊ လုံးဝရပ်ဆိုင်းသွားအောင် ပိတ်ဆို့တိုက်ပွဲဝင်ခဲ့ကြတယ်။ အဲဒီနောက် အစိုးရက နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ပစ်မှတ်ထား ချေမှုန်းတာတွေ လုပ်လာတယ်။ ဒီဆန္ဒပြပွဲတွေ၊ သပိတ်တွေ ဟာ ဘာသာရေး အဖွဲ့အစည်းတွေ၊ တည်ဆဲစနစ်အောက်က နိုင်ငံရေးပါတီတွေရဲ့ သြဇာနဲ့ကင်းလွတ်နေတဲ့ လူထု တိုက်ပွဲတွေဖြစ်တယ်။ လူထုက ဒီအင်အားစုတွေကို လက်မခံတော့ဘူး။ ဘာသာရေး၊ လူမျိုးရေး၊ ဘာသာစကားနဲ့ အမျိုးသားရေး အခြေခံ သွေးခွဲမှုအားလုံးကို ကျော်ဖြတ်ပြီး သွေးစည်းတိုက်ပွဲဝင်လာကြတယ်။

ဒီပြသနာကို အခြေခံပြီး Pashtoonkhwa မှာ ဆန္ဒပြပွဲတချို့ဖြစ်နေတယ်။ ဒါပေမယ့် ဒီလှုပ်ရှားမှုတွေဟာ အား မကောင်းလှဘူး။ ဒေသခံ အမျိုးသားရေး အဖွဲ့တွေက ဦးဆောင်နေတယ်။ စစ်မှန်တဲ့ လှုပ်ရှားမှုတခု တည်ဆောက် နိုင်ဖို့ ဒီပြသနာကို လူတန်းစားအခြေခံ မကိုင်တွယ်နိုင်ကြဘူး။ တချို့က ဒီနယ်ချဲ့ပရောဂျက်ကနေ ဝေစုကလေး များ ရလို့ရငြား ဒီလှုပ်ရှားမှုမှာ ပါလာကြတာ။ ဒီနယ်ချဲ့ ပရောဂျက် စတင်လည်ပတ်လာပြီး ကုန်သွယ်ရေး လမ်း ကြောင်း အခြေခိုင်လာတာနဲ့ လူထု ဆန့်ကျင်လှုပ်ရှားမှုတွေ ပေါက်ကွဲထွက်လာလိမ့်မယ်။

ဒါပေမယ့် အခြေအနေတစုံလုံးမှာ အရေးအကြီးဆုံး အချက်က ပါကစ္စတန် တိုင်းပြည်အရေးအရာ အားလုံးမှာ တ ရုတ် အုပ်စိုးသူ လူတန်းစားရဲ့ သြဇာ ကြီးထွားလာခြင်းပဲ။ စစ်အေးကာလတုန်းက ပါကစ္စတန်ဟာ အမေရိကန် သြ ဇာခံ အုပ်စုထဲရှိခဲ့တယ်၊ အိန္ဒိယက ဆိုဗီယက်သြဇာခံ အုပ်စုထဲ ရှိခဲ့တယ်။ အာဖဂန်နစ်စ်တန်မှာ ဆိုဗီယက်ဆန့် ကျင်ရေး ဒေါ်လာစား ဂျီဟတ်စစ်ဆင်ရေးကြောင့် ပါကစ္စတန်မှာ အမေရိကန်သြဇာ ကြီးထွားလာခဲ့တယ်။ အာဖ ဂန်နစ်စ်တန်ကို အမေရိကန် နယ်ချဲ့ခေါင်းဆောင်တဲ့ မဟာမိတ်အင်အားစုတွေ ၂၀၀၁မှာ ကျူးကျော်တော့ ပါကစ္စတန်ဟာ မဟာမိတ်အနေနဲ့ အရေးပါခဲ့တယ်။ ဒါပေမယ့် ၂၀၁၄မှာ မဟာမိတ်အင်အားစုတွေ အာဖဂန်နစ်စ် တန်က ပြန်ဆုတ်တော့ ဒီဆက်ဆံရေးတွေဟာ အကျဘက်ရောက်သွားခဲ့တယ်။ အမေရိကန်နယ်ချဲ့သမားက ISI နဲ့ တာလီဘန်တွေကို စပွန်ဆာပေးထားရတာ သံသယဝင်လာတယ်။ သူတို့ကို စပွန်ဆာပေးထားရတာနဲ့ တန်အောင် (အမေရိကန် နယ်ချဲ့အခေါ် အကြမ်းဖက်လုပ်ကြံရေး ဆန့်ကျင်စစ်ပွဲ the war against terrorism) ကို ပိုပြီး တိုက်ပွဲဆင်စေချင်တယ်။ အဲဒီနှစ်တွေတုန်းက အမေရိကန်နယ်ချဲ့ဟာ (ပါကစ္စတန်ရဲ့) နိုင်ငံရေးတင်မက စစ်ရေး တည်ဆောက်မှုမှာပါ အဆုံးအဖြတ်ပြုသူနေရာက ပါခဲ့တယ်။ အခုချိန်မှာတော့ အမေရိကန်နယ်ချဲ့ နေရာကို တရုတ် နယ်ချဲ့အာဏာနဲ့ အစားထိုးလိုက်ပြီ။ ပြီးခဲ့တဲ့လက ကုလ လုံခြုံရေးကောင်စီမှာ အမေရိကန်နဲ့ အိန္ဒိယ ဘက်က အကြမ်းဖက် လုပ်ကြံရေးအဖွဲ့ Jaish e Muhammad ခေါင်းဆောင် ပါကစ္စတန် အစ်စ်လမ်းမစ်ခ် အစွန်း ရောက် Masood Azhar ကို ပိတ်ဆို့အရေးယူဖို့ အဆိုပြုတာကို တရုတ်က ဒုတယမ္ပိ ငြင်းပယ်လိုက်တယ်။ ဒီတော့ အိန္ဒိယ အုပ်စိုးသူတွေ စိတ်ပျက်သွားခဲ့တယ်။ ဒီကိစ္စကို တရုတ်နဲ့ အိန္ဒိယ ညှိနေကြတယ်။ ဒါ့အပြင် စီအိုင်အေ နဲ့ အိန္ဒိယဘက်က အလိုရှိဆုံး အကြမ်းဖက်လုပ်ကြံရေး သမားတွေထဲက တဦးဖြစ်တဲ့ Hafiz Saeed ကို ပါကစ္စတန် အစိုးရက နေအိမ်အကျယ်ချုပ်ချထားဖို့ တရုတ်အစိုးရက တိုက်တွန်းနေတယ်။ Hafiz Saeed ဟာ Lashkar-e-Tayyiba ဆိုတဲ့ အကြမ်းဖက် လုပ်ကြံရေးအဖွဲ့အစည်းရဲ့ ခေါင်းဆောင်ဖြစ်တယ်။ (အခုတော့ Jamat -ud-Dawa အဖွဲ့လို့ နာမည်ပြောင်းထား)။ ဒီအဖွဲ့က အိန္ဒိယ သိမ်းပိုက်ထားတဲ့ ကက်ရှ်မီးယားဒေသ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတာလို့ ဟစ်ကြွေးထားတယ်။ ၂၀၀၈ခုနှစ်တုန်းက မွန်ဘိုင်းမှာ လူပေါင်း ၁၆၆ ယောက် အသတ်ခံ ခဲ့ရတဲ့ အကြမ်းဖက် လုပ်ကြံတိုက်ခိုက်မှုမှာ Hafiz Saeed ပါဝင်ခဲ့ကြောင်း စွပ်စွဲထားတယ်။

ဒီတော့ တရုတ်နယ်ချဲ့ဟာ ပါကစ္စတန်အစိုးရရဲ့ အရေးကြီးဆုံးဖြတ်ချက်တွေမှာ ပိုပြီး သြဇာညောင်းသထက် ညောင်းလာတယ်၊ မကြာခင်မှာ အမေရိကန် နယ်ချဲ့ရယ် ဆောင်းဒီအာဏာပိုင်တွေရယ်နဲ့ တရုတ်နယ်ချဲ့တို့ တ ကွေ့မဟုတ် တကွေ့ ထိပ်တိုက်တွေ့ကြလိမ့်မယ်။

CPEC ပရောဂျက်ဟာ မွတ်စလင်အများစုနဲ့ Uighur လူမျိုးစုတွေ နေထိုင်ရာ တရုတ် ရှီကျင်း ပြည်နယ်မှာလည်း ပဋိပက္ခတွေ တထွေးကြီး ဆွဲထုတ်လိုက်တယ်။ ဒီပြည်နယ်မှာ အများစုသော လူထုကြီးဟာ မွဲတေနေတယ်။ ဒီပ ရောဂျက်က လူထုကို ဆင်းရဲတွင်းကနေ မကယ်နိုင်ဘူး။ ဒီမှာ လူထုဘက်က မကျေမနပ်ဖြစ်လိုက်တာနဲ့ တရုတ် အစိုးရက ပိနေအောင် ဖိနှိပ်ထားတယ်။ ဒီပြည်နယ်မှာလည်း အစ်စ်လမ်းမစ်ခ် အစွန်းရောက်ဝါဒက ခေါင်းထောင် နေပြီ။ ဒါကို အကြောင်းပြပြီး အုပ်စိုးသူလူတန်းစားက လူထုကို ပိုပြီး ရက်ရက်စက်စက် ဖိနှိပ်လို့ရသွားတယ်။

ဘယ်လမ်းက လွတ်မြောက်နိုင်မလဲ

အရင်းရှင်စနစ်ဟာ ရက်စက်ကြမ်းကြုတ်မှုတွေ ဘယ်တော့မှ အဆုံးမရှိလို့ လီနင်ပြောခဲ့တယ်။ အခုတင်ပြခဲ့တဲ့ အခြေအနေကို သုံးသပ်ကြည့်ရင် ဒီသဘောကို အထင်းသားတွေ့ရမယ်။ ဒေါ်လာတွေ ဘီလျံပေါင်းများစွာ ရင်းနှီး မြှုပ်နှံနေပေမယ့် လူထုကတော့ ငတ်မြဲ၊ သူတို့ဒုက္ခအထွေထွေဟာ နေ့စဉ်နဲ့အမျှ တိုးပွားနေဆဲ။ ဘယ်နိုင်ငံရေး ပါတီကမှ ဒီပြဿနာကို အခြေတည်ပြီး စုစည်းဖို့ လူတန်းစားအခြေခံ တိုက်ပွဲလမ်းကြောင်းကို မချမှတ်ဘူး။ ဒီတိုင်း ပြည်မှာ လာရောက် ရင်းနှီးမြှုပ်နှံပေးလို့ နယ်ချဲ့အရှင်သခင်ကို တနည်းမဟုတ် တနည်း ကောင်းချီးသြဘာပေး နေကြတယ်။ ဒါပေမယ့် ဒီအုပ်စိုးသူတွေ (တရုတ်နဲ့ ပါကစ္စတန် အုပ်စိုးသူ လူတန်းစားတွေ) ရဲ့ တကယ့် သရုပ်အမှန် မကြာခင် ပေါ်ထွက်လာပါလိမ့်မယ်။ ဒီနယ်ချဲ့ စီမံကိန်းတွေရဲ့ ဆိုးဝါးတဲ့ဒဏ်ကို လူထုက အတိုင်းသား မြင်သိလာ ပါလိမ့်မယ်။ နယ်ချဲ့ဆန့်ကျင်ရေး လူထုတိုက်ပွဲတွေ ပေါ်ထွက်လာလိမ့်မယ်။

အရေးကြီးတာက ဆန့်ကျင်လှုပ်ရှားမှုကို လူတန်းစား အခြေခံ တည်ဆောက်ဖို့ပဲ။ ဒီဒေသရဲ့ နှစ်ထောင်ချီသမိုင်းမှာ တရုတ် အလုပ်သမား လူတန်းစားနဲ့ ပါကစ္စတန် အလုပ်သမား လူတန်းစားဟာ ပထမဆုံးအကြိမ် ထုနဲ့ထည်နဲ့ ပေါင်းစပ်မိလိမ့်မယ်။ တရုတ် အလုပ်သမား ထောင်ပေါင်းများစွာဟာ ပါကစ္စတန်မှာ အလုပ်လာလုပ်နေကြတယ်။ သူတို့နဲ့အတူ တော်လှန်ရေး တိုက်ပွဲ အစဉ်အလာကို သယ်ဆောင်လာလိမ့်မယ်။ နေ့စဉ်နဲ့အမျှ ပါကစ္စတန်အလုပ် သမားလူတန်းစားရဲ့ ကံကြမ္မာဟာ တရုတ် အလုပ်သမား လူတန်းစားရဲ့ ကံကြမ္မာနဲ့ တွယ်ဆက်မိသွားမယ်။ ဒီနယ် ချဲ့ ပရောဂျက် တခုလုံးမှာ တိုးတက်တဲ့ အစိတ်အပိုင်းဆိုလို့ ဒီတချက်ပဲ ရှိတယ်။

တရုတ်နိုင်ငံတွင်းမှာ သပိတ်ပေါင်း ထောင်နဲ့ချီ ဖြစ်ပွားနေပြီ။ အချိန်နဲ့အမျှ သပိတ်တွေ တိုးပွားလာနေတယ်။ တ ရုတ် အုပ်စိုးသူ လူတန်းစားရဲ့ ရက်ရက်စက်စက် သွေးစုပ်မှုကို တရုတ် အလုပ်သမား လူတန်းစားက အင်တိုက်အား တိုက် ဆန့်ကျင်နေကြပြီ။ တရုတ်စီးပွားရေး တုံ့ဆိုင်းလာတာရယ်၊ ကမ္ဘာ့စီးပွားရေး ပျက်ကပ်ဆိုက်လုနီးတာရယ် ပေါင်းပြီး အလုပ်သမား လူတန်းစားရဲ့ တိုက်ပွဲတွေဟာ မကြုံဖူးအောင် ပြင်းထန်လာတော့မယ်။ တရုတ်ပြည်တွင်း အလုပ်သမား လှုပ်ရှားမှု ပြင်းထန်လာရင် တကမ္ဘာလုံးကို ရိုက်ခတ်သွားလိမ့်မယ်။ ဒီအခါ ပါကစ္စတန်ကိုလည်း ကြီးကြီးမားမား ရိုက်ခတ်လိမ့်မယ်။

တခုတည်းသော လွတ်မြောက်ရာလမ်းက တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ဒေသတွင်းတခုလုံးက အလုပ်သမား လူတန်းစားကြား သွေးစည်းညီညွတ်မှု တည်ဆောက်ဖို့ပဲ၊ ပုပ်သိုးဆွေးမြေ့နေတဲ့ အရင်းရှင်စနစ်ကို ဖြိုဖျက်ပစ်ဖို့ စစ်မှန်တဲ့ တော်လှန်ရေးတပ်ဦး တည်ဆောက်ဖို့ပဲ။ ပါကစ္စတန်က ဆိုရှယ်လစ် တော်လှန်ရေးဟာ ပါကစ္စတန်အုပ် စိုးသူ လူတန်းစားကိုသာမက တရုတ်၊ အမေရိကန် နဲ့ တခြား နယ်ချဲ့ပါဝါတွေကိုပါ ဆန့်ကျင်တိုက်ဖျက်ရမယ်။ ပါကစ္စတန်မှာ ဆိုရှယ်လစ် တော်လှန်ရေး ဖြစ်လာရင် အိန္ဒိယ အုပ်စိုးသူ လူတန်းစားက သည်းခံနိုင်မှာ မဟုတ်ဘူး။ အိန္ဒိယ ပြည်တွင်း ဆိုရှယ်လစ် တော်လှန်ရေးဖြစ်လာမှာ ကြောက်ပြီး လည်မျိုညှစ်ဖို့ ကြိုးစားလိမ့်မယ်။ ဒီတော့ အ လုပ်သမား လူတန်းစားအဖို့ လွတ်မြောက်ရာလမ်းက တိုင်းပြည်အသီးသီးက အလုပ်သမားတွေကို ခွဲခြားထားဖို့ လူတွေ (အုပ်စိုးသူတွေ) ပြုလုပ်ထားတဲ့ နယ်ခြားစည်းတွေကို ကျော်ပြီး လူတန်းစား သွေးစည်းညီညွတ်ကြရမယ်။ အုပ်စိုးသူ လူတန်းစားက ဒီနယ်ခြားစည်းတွေကို အသုံးပြုပြီး အုပ်စိုးခံလူထုကြားက အမျိုးသားရေးအခြေခံ အမုန်း တရားတွေ၊ ရန်ငြိုးတွေ ပျိုးပေးထားတယ်။ ဒါ့ကြောင့် ဒီနယ်ခြားစည်းကို ကျော်ပြီး အပြည်ပြည်ဆိုင်ရာ အလုပ် သမား လူတန်းစား သွေးစည်းမှုကို တည်ဆောက်ကြရမယ်။

အရင်းရှင်စနစ်ကို ပြုပြင်ဖာထေးလို့ မရနိုင်ဘူး။ အရင်းရှင်စနစ်အောက်မှာ လူထုအတွက် ကြွယ်ဝချမ်းသာမှုကို ဘယ်လိုမှ မဆောင်ကျဉ်းနိုင်ဘူး။ ဒီဒုက္ခအပေါင်းကို ရှင်းလင်းပစ်နိုင်ဖို့ အရင်းရှင်စနစ်ကို ဆိုရှယ်လစ် တော်လှန်ရေး ကနေ ဖြိုချပစ်ရမယ်။ ဆိုရှယ်လစ် တော်လှန်ရေးကနေ ဒေသတခုလုံးဆိုင်ရာ ဆိုရှယ်လစ် ဖက်ဒရေးရှင်းကို သွေးစုပ်ခံ လူထုကိုယ်တိုင်က စိတ်တူကိုယ်တူ ထူထောင်ကြလိမ့်မယ်၊ နယ်ခြားစည်းတွေ နိုင်ငံနယ်နိမိတ်တွေ အားလုံးကို ဖျက်သိမ်းပစ်လိမ့်မယ်။ တိုင်းပြည်တခုရဲ့ အလုပ်သမား လူတန်းစားရဲ့ အောင်ပွဲမဟုတ်ဘူး၊ တကမ္ဘာ လုံးက အလုပ်သမား လူတန်းစားရဲ့ အောင်ပွဲဖြစ်သွားလိမ့်မယ်။ ဆိုရှယ်လစ် တော်လှန်ရေး အောင်ပွဲဆင်ခဲ့ရင် ရာ စုနှစ် ပေါင်းများစွာ ငတ်ပြတ် မွဲတေနေခဲ့ရတဲ့ လူထုအတွက် ကြွယ်ဝချမ်းသာခြင်းတွေ၊ ပျော်ရွှင်မှုတွေ ဆောင် ကျဉ်း ပေးနိုင်မယ်။ နယ်ချဲ့နှောင်ကြိုးတွေကနေ လွတ်မြောက်သွားစေမယ်၊ အရင်း အုပ်စိုးမှုကနေ လွတ်လပ်သွား စေမယ်။ ကမ္ဘာဂြိုဟ်ပေါ်က အပြစ်မဲ့လူသားတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတာတွေ၊ စစ်ပွဲတွေ၊ ဖိနှိပ်မှု တွေ အားလုံးကို အဆုံးသတ် သွားစေလိမ့်မယ်။ အဲဒီအခါမှသာ သွေးစုပ်ခြယ်လှယ်မှုအားလုံး ကင်းစင်တဲ့ ကမ္ဘာ သစ်တခု အစပြုလိမ့်မယ်။

မေဆန်(မြန်မာပြန်သည်)

23.02.1917
The February Revolution
Strikes and protests erupt on women's day in Petrograd and develop into a mass movement involving hundreds of thousands of workers; within 5 days the workers win over the army and bring down the hated and seemingly omnipotent Tsarist Monarchy.
16.04.1917
Lenin Returns
Lenin returns to Russia and presents his ‘April Theses’ denouncing the Bourgeois Provisional Government and calling for “All Power to the Soviets!”
18.06.1917
The June Days
Following the First All-Russian Congress of Soviets, the reformist leaders called a demonstration to show the strength of "democracy". 400,000 people attended, the vast majority carried banners with Bolshevik slogans.
16.07.1917
The July Days
Spontaneous, armed demonstrations against the Provisional Government erupt in Petrograd. The workers and soldiers are suppressed by force, introducing a period of reaction and making the peaceful development of the revolution impossible.
9.09.1917
The Kornilov Affair
Following the July days, the Bolsheviks were driven underground and the forces of reaction were emboldened. This process culminated in the reactionary forces coalescing around General Kornilov, who attempt to march on Petrograd and crush the revolutionary movement in its entirety.
26.10.1917
The October Revolution
The Provisional Government is overthrown. State power passes to the Soviets on the morningm of 26th October, after the Bolsheviks’ Military Revolutionary Committee seize the city and the cabinet surrenders.
  • V. I. Lenin

    V. I. Lenin

    "The dominating trait of his character, the feature which constituted half his make-up, was his will..."
  • L. Trotsky

    L. Trotsky

    “Astounding speeches, fanfares of orders, the unceasing electrifier of a weakening army.”
  • G. Plekhanov

    G. Plekhanov

    "In the final analysis the brilliant aspects of Plekhanov’s character will endure forever."
  • G. O. Zinoviev

    G. O. Zinoviev

    "Zinoviev has won the reputation of being one of the most remarkable orators – a difficult feat."
  • Y. M. Sverdlov

    Y. M. Sverdlov

    “He did not die on the field of battle, but we are right to see him as a man who gave his life for the cause.”
  • V. Volodarsky

    V. Volodarsky

    “He was always to be seen in the front row, the on-the-spot leader. So, they killed him.”
  • 1
  • 2
  • 3

Reading Guides

  • The 1917 February Revolution

    The 1917 February Revolution

    The February Revolution saw a mass strike develop from below at a furious pace which posed the question of state power within a week of its inception. Workers in Petrograd took to the streets against intolerable bread shortages, the slaughter
  • Lenin Returns in April

    Lenin Returns in April

    This reading guide contains some of Lenin’s most important writings and speeches made in the April period, accompanied by works which provide further details of events at that stage of the Revolution.
  • The June Days 1917

    The June Days 1917

    This reading guide informs the May-June period of the Revolution with analysis, accounts of those who were involved and important speeches and writings of the time.
  • The July Days 1917

    The July Days 1917

    This selection of texts covers the background, events and consequences of the July Days. Next, we will turn our attention to one of those consequences – the Kornilov putsch in late August.
  • The Kornilov affair

    The Kornilov affair

    Kornilov’s failed coup brought the direct action of the masses into play again, and proved to them once and for all that they were the only force in society capable of transforming their own living conditions. For the first time,
  • The October Insurrection 1917

    The October Insurrection 1917

    The following series of articles provides in-depth analyses and first-hand accounts of the events immediately preceding, during and after the greatest event in human history: the October Revolution, in addition to reflections on its aftermath.
  • 1