◾စကားဦး
၁၉၁ရခုနှစ်၊ ဧပြီလ (၄)ရက်နေ့မှာ ခေါင်းစဉ်ပါ အကြောင်းအရာနဲ့ ပတ်သက်လို့ အစီရင်ခံစာ တင်ပြခွင့် ရခဲ့ တယ်။ ပီထရိုဂရက်မြို့တော်က ဘော်ရှီဗစ် အစည်းအဝေးမှာ ပထမဆုံး တင်ပြခွင့်ရခဲ့တယ်။ ဒီအစည်းဝေးမှာ မိ မိနေအိမ်ကို စွန့်ခွာပြီး အလုပ်သမား၊ စစ်သား ဆိုဗီယက်တွေရဲ့ ရပ်ရှားတပြည်လုံးဆိုင်ရာ ကွန်ဖရင့်ကို တက် ရောက်ကြမယ့် ကိုယ်စားလှယ်တွေ ရှိနေတော့ ဒီတင်ပြချက်တွေကို နေ့ရွှေ့ ညရွှေ့ လုပ်လို့ မရတော့ဘူး။ ဒီအ စည်းဝေးပြီးတော့ သဘာပတိ ဖြစ်တဲ့ ရဲဘော် G. Zinoviev က အစည်းအဝေး တက်လာသူတွေရဲ့ ကိုယ်စား ဒီ အစီရင်ခံစာကို ဘော်ရှီဗစ်၊ မင်ရှီဗစ် ကိုယ်စားလှယ်များ ပူးတွဲအစည်းအဝေးမှာ ထပ်မံ တင်ပြပေးဖို့ တောင်းဆို လာတယ်။ အဲဒီ ပူးတွဲအစည်းအဝေးမှာ ရပ်ရှား ဆိုရှယ်ဒီမိုကရက်တစ် လေဘာပါတီ ပေါင်းစည်းရေး ပြသနာကို
...