■ “မိုဒီရဲ့ ရက်ရက်စက်စက် ဖိနှိပ်မှုတွေကို အလုပ်သမားလူတန်းစားက ဆန့်ကျင်တိုက်ပွဲဝင်လိမ့်မယ်” ■
ကက်(ရှ်)မီးယားနဲ့ပတ်သက်လို့ မိုဒီအစိုးရရဲ့ ရက်ရက်စက်စက် နှိပ်ကွပ်မှုတွေကြောင့် (အာရှ)ဒေသတခုလုံး ထိတ်လန့်တုန်လှုပ်သွားတယ်။ သြဂုတ်လ ၅ရက်နေ့တုန်းက အငြင်းပွားနေတဲ့ ဂျမ်မူ အိန္ဒိယပြည်နယ်နဲ့ ကက်(ရှ်) မီးယားပြည်နယ်တို့ရဲ့ နှစ်ပေါင်း ၇၀ကြာ အဆင့်နေရာကို (အိန္ဒိယ)သမ္မတအမိန့်တခုတည်းနဲ့ ပယ်ဖျက်ပစ်လိုက် တယ်။ တည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သတ်မှတ်ချက်ကိုလည်း ဘာဒီမိုကရေစီ လုပ်ထုံးလုပ်နည်းမှ ကျင့်သုံးမနေပဲ ချက်ချင်းပယ်ဖျက်ပစ်ခဲ့တယ်။